ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးလှစိုးဦးဆောင်၍ ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာယုနန္ဒာအောင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာကောင်းစံ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (ရန်ကုန်) မှ ဒေါ်ဇွန်လေးနွယ်၊ မြန်မာနိုင်ငံဆေးနှင့် ဆေးလုပ်ငန်းရှင်များဆေးအသင်းမှ ဦးကျော်ကျော်မြင့်(အလုပ်အမှုဆောင်)၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဦးဟိန်းဇေယျာ စသည့်အဖွဲ့ဝင်များပူးပေါင်း၍ (၇-၅-၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၄:၃၀) နာရီတွင် မင်္ဂလာတောင်ညွန့် မြို့နယ်ရှိ Perfect Nine Nine Co.,Ltd Co., ltd မှ လုပ်ငန်းရှင် ဦးကျော်ကျော်အောင်နှင့် သွားရောက်တွေ့ဆုံ၍ ဆေးသိုလှောင်ရုံတွင်းရှိဆေးဝါးများအား စစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်းသိရှိရပါ သည်။
ဆေးသိုလှောင်ရုံအတွင်း ရှိ ဆေး(၄)မျိုး၏ ဝယ်ယူသည့်အရေအတွက်၊ သိုလှောင်ရုံပစ္စည်းလက်ကျန်၊ ဝယ်ယူသည့်နိုင်ငံ၊ သိုလှောင်သည့်နေရာ၊ ဝယ်ယူသည့်ဈေးနှုန်း၊ ရောင်းချသည့် ဈေးနှုန်း၊ ပစ္စည်းပြတ်လပ်မှုရှိ/မရှိ၊ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိတို့ကိုစိစစ်ခဲ့ပြီး ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းနှင့် ဆေးဝါးများကို ဈေးကစားရန်အလို့ငှာ သိုလှောင်ထားသည်ကိုစိစစ်တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့မှုကို သတင်းရရှိပါသည်။
DOCA(ရန်ကုန်)