ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ ညွှန်ကြားချက်အရ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဝင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးရေးမှူး ဦးလှစိုး၊ ကုန်သွယ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းကို၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ကြီးကြပ်ရေးမှူး ဦးဝင်းနိုင်၊ အမှတ်(၃)ရေကြောင်းရဲကွပ်ကဲမှုအဖွဲ့ခွဲမှ ရဲမှူးအောင်ကျော်ထူးနှင့် အကောက်ခွန်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်ဇော်တို့ပါဝင်သောအဖွဲ့များသည် (၁၀-၅-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် သာကေတမြို့နယ် (ယုဇန) ဆိပ်ကမ်းအား သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ (ယုဇန) ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော MV 527 ရေယာဉ်ဖြင့် ရန်ကုန်မြို့မှ ကော့သောင်းမြို့သို့ ဆန်၊ အရက်၊ စားသောက်ကုန်များကို တင်ဆောင်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့် တရားဝင်ကုန်စည်များသာဖြစ်ကြောင်းနှင့် အဆိုပါကုန်ပစ္စည်းများသည် ယုဇနကုမ္ပဏီလီမိတက်မှ ကော့သောင်းမြို့နယ်သို့ တန်ချိန်(၅၂၇)တန်တင်ပို့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)