Main menu

တောင်ငူမြို့ ဈေးများတွင်ရာသီစာ ဖလံတောင်ဝှေးများ ရောင်းချ

Powered by Drupal

     တောင်ငူမြို့၊ ညောင်ပင်ဈေး၊ ဘုရင့်နောင်ဈေးနှင့် ဘုရားဈေးတို့တွင် ရာသီစာ ဖလံတောင်ဝှေးများ စတင်ရောင်းချနေပြီဖြစ်ပါသည်။ ရာသီစာဖလံတောင်ဝှေးများသည် ဧပြီလ အလယ်လောက်တွင် စတင်ပေါ်ပြီး မိုးရာသီတွင် ဖြိုင်ဖြိုင်ပေါ်သောဟင်းစားတစ်မျိုး ဖြစ်ပါသည်။

      ပေါ်ဦးပေါ်ဖျား ဖလံတောင်ဝှေးများအား မြန်မာနိုင်ငံရှိအိမ်ရှင်မများသည် နှစ်သက်စွာ ဝယ်ယူချက်ပြုတ် စားသောက်လေ့ရှိကြပါသည်။ ဖလံတောင်ဝှေးများအား အပြင်ဘက်ရှိအရွက်ကြမ်းများအာ းဖယ်၍ အသားနုများပေါ်လာပါက ဓါးပြားလေးဖြင့် အနည်းငယ်ကြေအောင်ထု၍ ကြော်စား ရသော အစားအစာတစ်မျိုးဖြစ်ပါသည်။ ဖလံတောင်ဝှေးအား ဝက်သားဖြင့်ကြော်စားပါက ခံတွင်း မြိန်စေသော အစားအစာတစ်မျိုးဖြစ်ပါသည်။

    ဖလံတောင်ဝှေးဈေးနှုန်းများအနေဖြင့် တောင်ငူမြို့ရှိ ဘုရားဈေးတွင် အရွက်ကြမ်းများ ဖယ်ထုတ်ပြီးအသင့်ကြော်စား၍ ရနိုင်သော ဖလံတောင်ဝှေး အလုံးတုတ် (၅) ချောင်းခန့်ပါသော အစည်းတစ်စည်းလျှင် ၂၀၂၄ခုနှစ် မေလဒုတိယအပတ်တွင် (၁၅၀၀) ကျပ်ဖြင့် ရောင်းချပေးလျက်ရှိပါသည်။ မိုးရာသီတွင် ဖလံတောင်ဝှေးများဖြိုင်ဖြိုင်ပေါ်ကာ ဈေးနှုန်းကျဆင်းသွားမည် ဖြစ်ပါကြောင်း ဘုရားဈေးရှိ ဟင်းရွက်ရောင်းချသူတစ်ဦးထံမှ စုံစမ်းသိရှိခဲ့ပါသည်။

DOCA(ပဲခူး)