Main menu

တောင်ငူမြို့ ညောင်ပင်လေးဈေးမှ စိန်တလုံးသရက်သီးများ

Powered by Drupal

    တောင်ငူမြို့ ညောင်ပင်လေးဈေးတွင် ရာသီပေါ် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံမျိုးစုံကို ရောင်းချလျက်ရှိရာ ယခုအခါတွင် စိန်တလုံးသရက်သီးများလည်း ပေါ်နေပြီဖြစ်သဖြင့် ရောင်းချနေပြီဖြစ်ပါသည်။ ၂၀၂၄ခုနှစ် မေလဒုတိယအပတ်တွင် တစ်လုံးလျှင် ၇၀၀ ကျပ်မှ ၉၀၀ ကျပ်အထိ နှုန်းဖြင့် ရောင်းချလျက်ရှိနေပါသည်။ သရက်သီးကို အရောင်၊ အနံ့၊ အရသာနှင့် အသွင်သဏ္ဍာန်ပေါ်မူတည်ပြီး မျိုးစိတ်များ ခွဲခြားထားပါသည်။ ရာသီစာသရက်သီးတွင် ဗီတာမင်နှင့် အာဟာရဓါတ် ကြွယ်ဝစွာ ပါရှိပါသည်။

      သရက်သီးစားသုံးခြင်းကြောင့် နှလုံးကို ကျန်းမာစေခြင်း၊ ကိုယ်ခံအားကောင်းစေခြင်း၊ မျက်လုံးအားကောင်းစေခြင်း၊ အစာခြေစနစ်ကို ကောင်းမွန်စေခြင်း၊ သွေးပေါင်ချိန်ကို ထိန်းညှိပေးခြင်း၊ အသားအရည်ကို စိုပြည်လှပစေခြင်း၊ ကင်ဆာရောဂါကိုကာကွယ်ပေးခြင်းနှင့် သွေးသန့်စင် ပေးခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိစေပါသည်။

       သရက်သီးအမှည့်ကို သရေစာအသီးအဖြစ် စားလေ့ရှိသကဲ့သို့ သရက်ပျဉ်၊ သရက်သီး ဖျော်ရည်၊ ရေခဲမုန့်၊ ဂျယ်လီ၊ ကျောက်ကျော၊ ပူတင်း၊ သရက်သီးကိတ်အဖြစ်လည်းကောင်း၊ သရက်သီးအစိမ်းကို သရက်ချဉ်သုပ်၊ သရက်သီးဆားရည်စိမ်၊ သရက်သီးသနပ် စသည်ဖြင့် အမျိုးမျိုး စားသုံးကြပါသည်။ စိန်တလုံးသရက်သီးမှာ အနံ့အရသာနှင့်ပြည့်စုံသဖြင့် လူကြိုက်များ၍ ရောင်းအားကောင်းကြောင်း ညောင်ပင်ဈေးရှိ သစ်သီးအရောင်းဆိုင်များမှ သိရပါသည်။

DOCA(ပဲခူး)