Main menu

စက်သုံးဆီအရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေး

Powered by Drupal

             ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊စားသုံးသူရေးရာဦးစီးဌာန၊ ကြို့ပင်ကောက်မြို့နယ် ၊ ရန်ကုန်-ပြည်ကားလမ်းမကြီးဘေးရှိ ၊လက်ပံပင်စုအုပ်စု၊ လက်ပံပင်ရွာစုရွာတွင် ဖွင့်လှစ်ထားသော DENKO စက်သုံးဆီအရောင်းဆိုင်သို့ ခရိုင်ဦးစီးမှူး ဦးအောင်သိန်း၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် စက်သုံးဆီ အရောင်းဆိုင် ဒု-တာဝန်ခံ ဦးဝင်းနိုင်ဦးအား တွေ့ဆုံ၍ သက်သာသော ဈေးနှုန်းဖြင့် ရောင်းချသည့် ဆီအမျိုးအမည် ရောင်းချလီတာစာရင်းအား အချိန်မီ စာရင်းပေးပို့ရန် ၊ (၁၉.၂.၂၀၂၂) ရက်နေ့တွင် ကွင်းဆင်း၍ အချိန်အတွယ်မှန်ကန်စေရေးကိုလည်း စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

            ကြို့ပင်ကောက်မြို့ DENKO စက်သုံးဆီဆိုင်တွင် သက်သာသောဈေးနှုန်းဖြင့် စတုတ္ထအကြိမ် ရောင်းချခဲ့ရာ (၁၉.၂.၂၀၂၂) မှ (၂၀.၂.၂၀၂၂) ရက်နေ့အထိ ဆီခွဲတမ်းရရှိခဲ့သော (Diesel) ကို ဈေးနှုန်း ၁၅၃၉ ကျပ် ဖြင့် စုစုပေါင်းရောင်းချမှုလီတာ (၅၃၂၇) ၊ (Premium Diesel) ဈေးနှုန်း ၁၅၄၇ ကျပ် ဖြင့် စုစုပေါင်းရောင်းချမှု လီတာ (၉၇၂၅) အားရောင်းချခဲ့ပြီးဖြစ်ကြောင်းနှင့် ခရိုင်ဦးစီးမှူးမှ အချင်အတွယ်မှန် ၊ မမှန် အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)