Main menu

“ ခရမ်းမြို့နယ်၌ ဆေးနှင့်ဆေးပစ္စည်းများ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၌ ဆေးနှင့်ဆေးပစ္စည်းများကို ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများမရှိစေရေးတို့အတွက် စည်ပင်သာယာမြို့မဈေးအပြင် ရပ်ကွက်များတွင် ရောင်းချလျက်ရှိသော ဆေးဆိုင်နှင့်ဆေးစတိုးဆိုင်များအား ၂၀၂၄ခုနှစ်၊ မေလ (၉)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် ဆေးဆိုင်ပိုင်ရှင်လုပ်ငန်းရှင်များနှင့်သွားရောက်တွေ့ဆုံပြီး ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရပါသည်။
အဆိုပါဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ကျော့ကေခိုင်တို့ပူးပေါင်း၍ စည်ပင်သာယာမြို့မဈေးအပြင် အမှတ်(၃)ရပ်ကွက်၊ ဘုရားလမ်းရှိ ယွန်းနဒီဆေးဆိုင်၊ အမှတ်(၃)ရပ်ကွက်၊ (၃)လမ်းရှိ သဗ္ဗသုခဆေးဆိုင်၊ အမှတ်(၄)ရပ်ကွက်၊ ဗုဒ္ဓဟူးလမ်းရှိ ရောင်နီဆေးဆိုင်၊ အမှတ်(၅) ရပ်ကွက်၊ ကျောင်းသစ်လမ်းရှိ သော်တာထွန်းဆေးဆိုင်များမှ လုပ်ငန်းရှင်များနှင့်သွားရောက်တွေ့ဆုံပြီး ၎င်းတို့အနေဖြင့် Coronavirus Disease (COVID-19) ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများနှင့်ဆေးဝါးများ၊ အခြားရောဂါကုသရာတွင် အသုံးပြုသော လူသုံးကုန်ဆေးဝါးများကို ဖြန့်ဖြူးရောင်းချရာတွင် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများမပြုလုပ်ကြရန်၊ ၎င်းဆေးဝါးများကို အရေးကြီးကုန်စည်များအဖြစ်သတ်မှတ်ခဲ့ပြီး အဆိုပါအရေးကြီးကုန်စည်များကို ဈေးကွက်အတွင်း ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်း သို့မဟုတ် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် မိမိတို့၏ဈေးဆိုင်များတွင် သိုလှောင်ထားခြင်းများမပြုလုပ်ကြရန် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာများဆွေးနွေးပြောကြားခဲ့ပြီး ဆေးဆိုင်များတွင် ဖြန့်ဖြူးရောင်းချနေသော ဆေးနှင့်ဆေးပစ္စည်းဈေးနှုန်းများအား မေးမြန်းစုံစမ်းခဲ့ကာ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)