![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/7_20.jpg?itok=RJKEne1j)
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ စားသောက်ကုန်ပစ္စည်းအမျိုးမျိုးအား ဝယ်ယူသုံးစွဲရာတွင် ဘေးကင်းလုံခြုံစိတ်ချမှုရှိစေရန်နှင့်စနစ်တကျဝယ်ယူသုံးစွဲတတ်စေရန် ရည်ရွယ်၍ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် မေလ(၉)ရက်နေ့၊ နံနက်(၉:၀၀)နာရီ အချိန်တွင် ဒလမြို့ပေါ်ရပ်ကွက်များတွင် ရောင်းချလျက်ရှိသော အအေးနှင့်မုန့်မျိုးစုံစတိုးဆိုင်များရှိ အသင့်သောက်အချိုရည်အမျိုးမျိုးတို့တွင် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားဖာ်ပြချက်များ ပြည့်စုံမှုရှီ/ မရှိကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ဈေးတာဝန်ခံနှင့်ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသန်းနိုင်တို့ ပူးပေါင်းအဖွဲ့သည် ဒလမြို့နယ် စွယ်တော်လမ်း၊ ကမာကဆစ်ရပ်ကွက်ရှိ မစန္ဒာကုန်စုံဆိုင်နှင့်ခရေလမ်း၊ အမှတ်(၅၄၃) ကမာကဆစ်ရပ်ကွက်ရှိ ဒေါ်ဇင်ညိုလတ် ကုန်စုံဆိုင်တို့၌ ကုန်စုံဆိုင်လုပ်ငန်းပိုင်ရှင်တို့နှင့်တွေ့ဆုံကာ အသင့်သောက်အချိုရည်အမျိုးမျိုးအား ဖြန့်ဖြူးရောင်းချရာတွင် သက်ဆိုင်ရာဌာနများမှ ညွှန်ကြားထားသော ကုန်အညွှန်းအမှတ်အသားဆိုင်ရာလိုက်နာရမည့်အချက်များ၊ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာ(သို့မဟုတ်)အခြားဘာသာတစ်ခုထက်ပို၍ တွဲလျှက်ရေးသားဖော်ပြရမည့်အချက်များအား စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် စံချိန်စံညွှန်းများနှင့်ကိုက်ညီမှုမရှိသည့် စားသောက်ကုန်ပစ္စည်းများ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာမပါရှိသည့် အသင့်သောက်အချိုရည်များ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)ခွင့်ပြုချက်မရှိသော သက်တမ်းလွန်နေသောအသင့်သောက်အချိုရည်အမျိုးမျိုးနှင့်စားသောက်ကုန်ပစ္စည်းများဖြန့်ဖြူးရောင်းချခြင်း မပြုစေရန် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများကို အကြံပြုဆွေးနွေးခဲ့ပြီး အသင့်သောက်အချိုရည်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ ဈေးကွက်အတွင်းကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)