Main menu

ပခုက္ကူမြို့၌ ဖြစ်ပေါ်လျက်ရှိသော ကြက်ဥဈေးနှုန်းဈေးကွက်

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၊ မြိုင်လမ်းရှိ ကြက်ဥ၊ ဘဲဥ၊ ငုံးဥ အရောင်းဆိုင်တွင် ၂၀၂၄ခုနှစ်၊ မေလ(ဒုတိယပတ်)တွင် ကြက်ဥအရွယ်အစားလိုက်၍ ကြက်ဥ(လက်လီ)ဈေးနှုန်းများမှာ ကြက်ဥ(အသေး)တစ်လုံးလျှင် ကျပ်(၂၉၀)၊ ကြက်ဥ(အလတ်)တစ်လုံးလျှင် ကျပ်(၃၁၀)၊ ကြက်ဥ (အကြီး)တစ်လုံးလျှင် ကျပ်(၃၃၀)၊ ဘဲဥတစ်လုံးလျှင် ကျပ်(၄၀၀)၊ ဆေးဘဲဥ တစ်လုံးလျှင် ကျပ်(၄၅၀)၊ ငုံးဥ(၁၀)လုံးလျှင် ကျပ်(၇၅၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်ဧပြီလ(ဒုတိယပတ်)နှင့် နှိုင်းယှဉ် လျှင် ဈေးတက်၍ အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

        ကြက်ဥ(လက်ကား)ဈေးနှုန်းအနေဖြင့် ယခင်ဧပြီလ(ဒုတိယပတ်)တွင် တစ်ပိဿာလျှင် ကျပ် (၆၂၀၀)ဖြစ်၍ ယခုမေလ(ဒုတိယပတ်)တွင် တစ်ပိဿာလျှင် ကျပ်(၇၂၀၀-၇၃၀၀)ဖြင့် ဈေးနှုန်းမြင့်တက် ၍ အရောင်းအဝယ်ဖြစ်ခဲ့ပြီး  ဘဲဥ၊ ဆေးဘဲဥ၊ ငုံးဥ ဈေးနှုန်းများမှာ ဈေးငြိမ်၍ အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်း၊ ယခုမေလတွင် ကြက်ဥဈေးနှုန်းမြင့်တက်ရခြင်းမှာ ကြက်စာများ ဈေးနှုန်းကြီးမြင့်ခြင်းနှင့် ရာသီဥတုပူပြင်းပြီး ဥကျနှုန်းနည်းခြင်းကြောင့် ဈေးနှုန်းမြင့်တက်ခြင်းဖြစ်ကြောင်း အရောင်းဆိုင်မှ သိရှိရပါသည်။

DOCA(မကွေး)