Main menu

ပခုက္ကူမြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များသို့ ဘိလပ်မြေဈေးနှုန်းဈေးကွက်နှင့် မြေပြင်လက်ကျန်အခြေအနေ ကွင်းဆင်းစစ်ဆေး

Powered by Drupal

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသ ကြီး၊ ပခုက္ကူခရိုင်၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဒုတိယဦးစီးမှူး ဒေါ်လှိုင်ဥမ္မာဦးသည် ပခုက္ကူမြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များဖြစ်သော ငွေသရဖူ၊ ဒို့တောင်သူ၊ ကျော်၊ မိုးမခ၊ သီဟကမ္ဘာ၊ သိန်းနှင့် ဟိန်းစည်အရောင်းဆိုင်များသို့(၁၀.၅.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် သွားရောက် ကွင်းဆင်းခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းရာတွင် ပစ္စည်းပြတ်လပ်မှု ရှိ/မရှိနှင့် မြေပြင်လက်ကျန်အခြေအနေများ၊ ကုန်ပစ္စည်းဝင်ရောက်မှုများနှင့်  ဈေးနှုန်းဈေးကွက် အခြေအနေများကို သိရှိနိုင်ရန် ကွင်းဆင်းလေ့လာခဲ့ ပါသည်။ ဘိလပ်မြေဈေးနှုန်းဈေးကွက်များမှာ မေလ(ပထမပတ်)တွင် ကြံ့နှစ်ကောင် တစ်အိတ်လျှင် ကျပ် (၁၂၃၀၀) ၊ အယ်ဖာတစ်အိတ်လျှင် ကျပ်(၁၁၂၀၀)၊ အပါချီ တစ်အိတ်လျှင် ကျပ်(၁၁၀၀၀) ဈေးနှုန်း ဖြစ်ပြီး (ဒုတိယပတ်)တွင် ကြံ့နှစ်ကောင် တစ်အိတ်လျှင် ကျပ်(၁၁၀၀၀)၊ အယ်ဖာတစ်အိတ်လျှင် ကျပ် (၁၀၀၀၀)၊ အပါချီတစ်အိတ်လျှင် ကျပ်(၁၁၆၀၀)ဈေးနှုန်းဖြစ်၍ (ပထမပတ်)နှင့်(ဒုတိယပတ်)ဈေနှုန်း နှိုင်းယှဉ်ပါက ကြံ့နှစ်ကောင်တစ်အိတ်လျှင် ကျပ်(၁၃၀၀)၊ အယ်ဖာ တစ်အိတ်လျှင် ကျပ်(၁၂၀၀) ဈေးကျ နေကြောင်း၊ ဘိလပ်မြေအရောင်းအဝယ်မှာလည်း ပုံမှန်အရောင်းအဝယ်သာရှိကြောင်း၊ ပစ္စည်းပြတ်လပ် မှုမရှိသော်လည်း မှာယူသောစက်ရုံများနှင့် ကိုယ်စားလှယ်ဆိုင်ကြီးများတွင် ဘိလပ်မြေလိုသလောက် ဝယ်ယူ၍မရရှိကြောင်း အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များမှ သိရှိရပါသည်။

DOCA(မကွေး)