Main menu

“ကီလိုမာလကာသီးများ စျေးကောင်းရရှိ”

Powered by Drupal

    ကျောက်ဆည်ခရိုင်အတွင်းရှိ မြို့နယ်များတွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ စားဖိုချောင်သီးနှံများအပြင် နှစ်ရှည်သီးနှံပင်များလည်း စိုက်ပျိုးလျက်ရှိပါသည်။ မိသားစုဝင်ငွေမှ စီးပွားဖြစ်စိုက်ပျိုးလာကြသော သီးနှံများမှာ ဂွေးပင် ၊ သရက်ပင် ၊ ကီလိုမာလကာပင်များလည်း စိုက်ပျိုးလာကြပါသည် ။ ၄င်းသီးနှံများမှာ ရာသီမရွေး စိုက်ပျိုးနိုင်ပြီး စျေးကွက်ဝယ်လိုအားရှိသော ကီလိုမာလကာပင်များကို တိုးချဲ့စိုက်ပျိုးလာကြပါသည်။ ကီလိုမာလကာပင်များကို ယာမြေများတွင် စိုက်ပျိုးကြပြီး အများဆုံး စိုက်ပျိုးသောမျိုးများမှာ မြေထုပ်စည်းပျိုးပင်များကို ဝယ်ယူ၍     စိုက်ပျိုးကြပါသည်။စိုက်ပျိုးပြီး(၁-၂)နှစ်တွင် အသီးများစတင် အသီးသီးပါသည် ။ (၁)ဧကလျှင် ကီလိုမာလကာပင်(၃၅၀)ပင် စိုက်ပျိုးကြပြီး (၁)နှစ်ခွဲသားတွင် ရောင်းတန်းဝင် အသီးများ စတင်ခူးဆွတ်ရကြောင်း ၊ စတင်ခူးဆွတ်ချိန်တွင် မာလကာသီးအလုံး(၈၀၀-၉၀၀)အထိ ခူးဆွတ်ရောင်းချရကြောင်း ၊ မိုးဦးကျနှင့်မိုးရာသီတွင် အသီးအမြောက်အများထွက်ရှိသော်လည်း ယခုနှစ် မိုးရွာသွန်းမှု နောက်ကျသောကြောင့် အသီးများ တင်သော်လည်း အလုံးကြီးထွားမှု အားနည်းကြောင်း ၊ကီလိုမာလကာစိုက်ပျိုးသော တောင်သူတစ်ဦး ၏ပြောကြားချက်အရ သိရှိရပါသည်။ယခင်နှစ် ကီလိုမာလကာသီး တစ်လုံးလျှင်(၂၀၀-၃၀၀)ကျပ်သာ ရောင်းချခဲ့ရပြီး ယခုနှစ် ကီလိုမာလကာသီး တစ်လုံးလျှင်(၄၀၀-၅၀၀)ကျပ်အထိ ရောင်းချရကြောင်း၊ ဖောက်သည်စျေးအနေဖြင့် ယခင်နှစ်အလုံးအကြီးအသေးပေါ်မူတည်၍ (၁၅၀-၂၀၀)ကျပ်သာရောင်းချခဲ့ရပြီး ယခုနှစ်ဖောက်သည်စျေးအနေဖြင့် (၂၀၀-၃၀၀)ကျပ်အထိ ရောင်းချရကြောင်း ၊ ကျောင်းဖွင့် ရာသီအချိန်မျိုးတွင် ပိုမိုအရောင်းသွက်ကြောင်း၊ ကီလိုမာလကာသီးကို ရွှေသိမ်တော်ဘုရားပရဝုဏ် အတွင်းရောင်းချသောသူများမှ အများဆုံးလာရောက်ဝယ်ယူကြောင်း၊ ဘုရားဖူးလာဧည့်သည်များမှ အိမ်အပြန်လက်ဆောင်အဖြစ် ဝယ်ယူကြကြောင်း ၊ မာလကာသီးစားသုံးခြင်းဖြင့် ဗီတာမင်စီများစွာ ရရှိသဖြင့် ကျန်းမာရေးနှင့်ညီညွတ်သော ကီလိုမာလကာသီးများကို ဝယ်ယူစားသုံးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)