Main menu

“စျေးကောင်းရနေသော ခရမ်းချဉ်သီး”

Powered by Drupal

       ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသဖြစ်သောကြောင့် သီးနှံများ ရာသီမရွေး စိုက်ပျိုးနိုင်ပြီး စပါး၊ပဲ၊ပြောင်း၊နှမ်းစသည့်သီးနှံများကို စိုက်ပျိုးသည့်အပြင် စားဖိုဆောင်သီးနှံတစ်မျိုး ဖြစ်သော ခရမ်းချဉ်သီး သီးနှံကိုလည်း စီးပွားဖြစ် စိုက်ပျိုးလာကြပါသည်။ ရာသီအလိုက် သီးနှံများအား စိုက်ပျိုးလျက်ရှိရာ ခရမ်းချဉ်သီးကို ရာသီမရွေးစိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးရာတွင် ပျိုးထောင်စိုက်ပျိုးကြပြီး စိုက်ပျိုးပြီး (၂)လခွဲအချိန်တွင် ခရမ်းချဉ်သီးများ စတင်ခူးဆွတ်နိုင်ပါသည်။ (၁)ဧကကုန်ကျစရိတ် အနေဖြင့် (၅၀၀၀၀၀-၆၀၀၀၀၀)ကျပ်ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် ပိဿာ(၂၀၀-၂၅၀) အထိ ထွက်ရှိကြောင်း၊ ယခင်အစောစိုက် ခရမ်းချဉ်သီးများ ထွက်ပေါ်ချိန်တွင် စျေးနှုန်းများ ကောင်းမွန်စွာမရရှိကြောင်း၊တပေါင်း-တန်ခူး တစ်တောင်းတစ်မူး ဆိုရိုးအတိုင်း (၃-၄)ပိဿာလျှင်(၁၀၀၀)ကျပ် အထိကျဆင်းခဲ့ပါသည်။ဧပြီလ ဒုတိယပတ်မှစတင်၍ (၁)ပိဿာလျှင် (၈၀၀)ကျပ်မှစ၍ (၁၄၀၀-၁၅၀၀)ကျပ်အထိ စျေးနှုန်းမြင့်တက်ခဲ့သောကြောင့် နောက်ကျ၍ စိုက်ပျိုးသော ခရမ်းချဉ်စိုက်တောင်သူများ စျေးကောင်းရရှိကြောင်း၊ မြို့နယ်တွင်း ခရမ်းချဉ်သီးများ ထွက်ရှိသလို တောင်ကြီး၊ အောင်ပန်း၊ကလောမှ ဝင်ရောက်လာသော ခရမ်းချဉ်သီးများမှာ (၁)ပိဿာလျှင် (၁၈၀၀)ကျပ်အထိ စျေးကွက်အတွင်း ရောင်းဝယ်လျက်ရှိကြောင်း၊ ခရမ်းချဉ်ရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(မန္တလေး)