Main menu

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

Powered by Drupal

           ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊  သီရိမင်္ဂလာဈေးတွင် ၂၀၂၄ခုနှစ်၊ မေလ ( ၈ ) ရက်နေ့မှ မေလ ( ၁၄ ) ရက်နေ့အထိ ဖြစ်ပေါ်ခဲ့သောသစ်သီးဝလံဈေးနှုန်းများမှာ ပြင်ဦးလွင်၊ အောင်ပန်းမှ ထောပတ်သီးအလုံးကြီးတစ်လုံးလျှင် ကျပ် (၁၃၀၀)၊ အလုံးသေးတစ်လုံးလျှင် ကျပ်၈၀၀၊ သီပေါ၊ အောင်ပန်းမှ ပျားလိမ္မော်တစ်ပိဿာလျှင် အလုံးကြီး ကျပ် (၁၄၀၀၀)၊ အလုံးသေး ကျပ် (၇၀၀၀)၊ ကလောမှ ပန်းသီးစက္ကူပုံးတစ်ပုံးလျှင် အလုံးကြီး ကျပ် (၄၅၀၀၀)၊ အလုံးသေး ကျပ် (၃၅၀၀၀)၊ ကသာမှ ဖရဲသီး (855) အလုံးကြီးတစ်လုံးလျှင်  ကျပ်၁၇၀၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၁၀၀၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၈၀၀၀၊ ဝမ်းတွင်းမှ ဖရဲသီး(211)အလုံးကြီးတစ်လုံးလျှင် ကျပ်၈၀၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ် (၇၀၀၀)၊ အလုံးသေးတစ်လုံးလျှင် ကျပ် (၆၀၀၀)၊ မော်လမြိုင်မှ ကျွဲကောသီးအလုံးကြီးတစ်လုံးလျှင် ကျပ် (၅၀၀၀)၊ အလုံးလတ်တစ်လုံးလျှင် ကျပ် (၂၀၀၀)၊ အလုံးသေးတစ်လုံးလျှင် ကျပ် (၁၅၀၀)၊ ပုပ္ပါး၊ တိုက်ကြီးမှ မာလကာသီးအလုံးကြီးတစ်လုံးလျှင် ကျပ် (၆၀၀)၊ အလုံးလတ်တစ်လုံးလျှင် ကျပ် (၄၀၀)၊ အလုံးသေးတစ်လုံးလျှင် ကျပ် (၂၀၀)၊ ပြင်ဦးလွင်မှ ဘောက်သီးတစ်ပိဿာလျှင် အလုံးကြီး ကျပ် (၁၀၀၀၀)၊ အလုံးလတ် ကျပ် (၈၀၀၀)၊ အလုံးသေး ကျပ် (၆၀၀၀)၊ တိုက်ကြီး၊ ကျိုက်ထိုမှ ပိန္နဲသီးတစ်လုံးလျှင် အလုံးကြီး ကျပ် (၂၀၀၀၀)၊ အလုံးလတ် ကျပ် (၁၅၀၀၀)၊ အလုံးသေး ကျပ် (၈၀၀၀)၊ ကျိုက်ကော်မှ နာနတ်သီးတစ်လုံးလျှင် အလုံးကြီး ကျပ် (၂၅၀၀)၊ အလုံးလတ် ကျပ် (၂၀၀၀)၊ အလုံးသေး ကျပ် (၈၀၀)၊ ဧရာဝတီတိုင်းမှ သရက်သီး(စိန်တလုံး) အလုံးကြီးတစ်ခြင်းလျှင် ကျပ် (၄၇၀၀၀)၊ အလုံးလတ်တစ်ခြင်းလျှင် ကျပ် (၄၀၀၀၀)၊ အလုံးသေးတစ်ခြင်းလျှင် ကျပ်၃၅၀၀၀၊ ဧရာဝတီတိုင်းမှ သရက်သီး(ရင်ကွဲ) အလုံးကြီးတစ်ခြင်းလျှင် ကျပ်၂၀၀၀၀၊ အလုံးလတ်တစ်ခြင်းလျှင် ကျပ်၁၄၀၀၀၊ အလုံးသေးတစ်ခြင်းလျှင် ကျပ်၁၀၀၀၀၊ ရေးမှ ဒူးရင်းသီး အလုံးကြီးတစ်လုံးလျှင် ကျပ်၂၀၀၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၁၅၀၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၈၀၀၀ ဈေးနှုန်းတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) မှသိရှိရပါသည်။

DOCA(ရန်ကုန်)