Main menu

စက်သုံးဆီအရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေး

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံ၊ ဖြူးမြို့နယ် ဈေးကွက်စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးကော်မတီ အတွင်းရေးမှူးဒေါ်သန္တာစိုးသည် မြို့နယ်ဈေးကွက် စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးကော်မတီဝင် ဌာနဆိုင်ရာများဖြစ်ကြသော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက်ပိုင်းက မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ရည်ညွှန်း ငွေလဲလှယ်နှုန်းဖြင့် ရောင်းချပေးသည့် နိုင်ငံခြားငွေရရှိသော စက်သုံးဆီကုမ္ပဏီများမှ ဖြူးမြို့နယ်အတွင်း အထူးဈေးနှုန်းဖြင့် ရောင်းချသည့် ဖြူးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းရှိ Denko စက်သုံးဆီဆိုင်သို့ ကွင်းဆင်း၍ ကြပ်မတ်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          မြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးနှင့် အဖွဲ့ဝင်များသည် Denko စက်သုံးဆီဆိုင်မှ ရောင်းချလျှက်ရှိသည့် Diesel နှင့် Premium Disel စက်သုံးဆီများ၏ ဈေးနှုန်းနှင့် အခြင်အတွယ်မှန်ကန်ရေးတို့ကို ကြည့်ရှုစစ်ဆေးရာ ဆိုင်တာဝန်ခံဦးသန်းဌေးအောင်က စက်သုံးဆီအထူးဈေးနှုန်းဖြင့် ရောင်းချနေမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး မြို့နယ်တာဝန်ခံက စက်သုံးဆီဈေးနှုန်းမြှင့်တက်မှုမရှိစေရေးနှင့် ဈေးနှုန်းတည်ငြိမ်မှုရှိစေရေးအတွက် စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ရောင်းချရန် မှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)