စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်၊ ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၃)ဦးသည် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှတာဝန်ရှိသူများနှင့် ပူးပေါင်း၍ မေလ(၈)ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်တွင် စစ်ကိုင်းမြို့ပေါ်ရှိလက်လီ/ လက်ကား ဖြန့်ဖြူးရောင်းချသော “ မြကျွန်းသာ”၊ “ငွေမိုးလျှံ” ကုန်မျိုးစုံဆိုင် (၂)ဆိုင်နှင့် “မသီ”မုန့်မျိုးစုံဆိုင်တို့အားအဖွဲ့စုံ(IT) ဖြင့် ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။
စစ်ဆေးခဲ့သောကုန်မျိုးစုံဆိုင် (၃)ဆိုင်သို့ ဖြန့်ဖြူးရောင်းချနေသော အသင့်သောက်အချိုရည်အမျိုးမျိုးနှင့် စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့်အချက်များပါဝင်မှုရှိ/ မရှိ၊ ကန့်သတ်တားမြစ်ထားသည့်ဓာတုဆိုးဆေးများ၊ ဓာတုသကြားမျာ အသုံးပြုထားခြင်းရှိ/ မရှိ စစ်ဆေးခဲ့ရာ ဈေးကွက်အတွင်းရောင်းချမှုမရှိကြောင်းစစ်ဆေးတွေ့ရှိရပါသည်။ စစ်ကိုင်းခရိုင်ဦးစီးမှူးက စစ်ဆေးခဲ့သောဆိုင်ပိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈) ပုဒ်မ(၄၁)၊ ပုဒ်မခွဲ(ခ)နှင့် (ဆ)အရ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာနှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိသည့်ကုန်စည်များကိုသာရွေးချယ်ဝယ်ယူရောင်းချရန်နှင့် အသိပညာပေးဆွေးနွေးခဲ့ကြောင်းသတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)