၂၀၂၄ခုနှစ်၊ မေလ ၁၆ ရက်နေ့၊ နံနက် (၀၉း၃၀)နာရီအချိန်တွင် ညွှန်ကြားရေးမှူးချုပ်ဦးဆောင်၍ စားသုံးဆီဖြန့်ခွဲမှုနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီး တိုင်းဦးစီးမှူးက Zoom Meeting ဖြင့် တတ်ရောက်ခဲ့ပါသည်။
ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က စားသုံးဆီဖြန့်ခွဲမှုနှင့်စပ်လျဥ်းသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများနှင့် အပြန်အလှန်ဆွေးနွေးခြင်းများပြုလုပ်ခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကာ ညှိနှိုင်းအစည်းအဝေးအား နေ့လယ်(၁၂း၃၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။
DOCA(တနင်္သာရီ)