Main menu

မုံရွာမြို့နယ်၌ ကွမ်းဈေးနှုန်းများဆက်လက်မြင့်တက်လျက်ရှိ

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၌ ကွမ်းကို မိမိတို့အိမ်ခြံဝင်းအတွင်း တစ်နိုင်တစ်ပိုင်အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း စိုက်ပျိုးကြကြောင်း၊ ကွမ်းကို ဆောင်းစိုက်နှင့် မိုးစိုက်ဟူ၍ နှစ်မျိုးခွဲ၍စိုက်ပျိုးကြရာ မိုးစိုက်သည် ပိုးကျလွယ်သည့်အတွက် အနည်းငယ်သာစိုက်ပျိုးကြပြီး ဆောင်းစိုက်ကိုသာ ပိုမိုစိုက်ပျိုးကြကြောင်းသိရသည်။

  မုံရွာမြို့နယ်၌ ဖြစ်ပေါ်နေသော ကွမ်းဈေးနှုန်းများအနေဖြင့် အရည်အသွေးအပေါ်မူတည်၍ ဧပြီလ(စတုတ္ထပတ်)တွင် ကွမ်းတစ်ပိဿာလျှင် ငွေကျပ်(၅၀၀၀-၆၀၀၀) တို့ဖြင့်လည်းကောင်း၊ မေလ (ပထမပတ်)တွင်  ငွေကျပ်(၉၀၀၀-၁၁၀၀၀)တို့ဖြင့်လည်းကောင်း၊ မေလ (ဒုတိယပတ်)တွင် ငွေကျပ် (၁၀၀၀၀-၁၃၀၀၀)တို့ဖြင့်လည်းကောင်း ရောင်းချလျက်ရှိကြောင်း၊ နွေရာသီတွင် ကွမ်းအထွက်နှုန်းတိုးသော်လည်း ရာသီဥတုအပူဒဏ်ကြောင့် ရွက်လိပ်ပိုးကျကာ  ဈေးကွက်အတွင်း ကုန်ဝင်ရောက်မှုနည်းခြင်းကြောင့် ဈေးနှုန်းများမြင့်တက်လျက်ရှိကြောင်း ကွမ်းစိုက်တောင်သူများထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)