Main menu

ကန့်ဘလူမြို့နယ်တွင် မုန့်မျိုးစုံလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

Powered by Drupal

      ၂၀၂၄ခုနှစ်၊ မေလ ၁၅ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် အငယ်တန်းစာရေး ဒေါ်အိမွန်ကျော်တို့သည် ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ “မြသဇင်” မွေးနေ့ကိတ်နှင့်မုန့်မျိုးစုံလုပ်ငန်းသို့သွားရောက်ကွင်းဆင်း၍ လုပ်ငန်းရှင်နှင့်တွေ့ဆုံခဲ့ကြောင်းသိရသည်။

     ထိုသို့တွေ့ဆုံခဲ့ရာ ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ “မြသဇင်” မွေးနေ့ကိတ်နှင့်မုန့်မျိုးစုံလုပ်ငန်းသည် မိသားစုတစ်နိုင်တစ်ပိုင်ထုတ်လုပ်နေသော အသေးစားလုပ်ငန်းတစ်ခုဖြစ်ပြီး မြို့ပေါ်၌သာဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ လုပ်ငန်းရှင်မှာ ၎င်းအနေဖြင့် “မြသဇင်” မုန့်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားများကို စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ထည့်သွင်းလိုကြောင်း တင်ပြလာရာ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း၊ အထက်အဆင့်ဆင့်သို့တင်ပြ၍ အတည်ပြုချက်ရရှိပါက အကြောင်းပြန်ကြားပေးမည်ဖြစ်ကြောင်း၊    စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို သိရှိနားလည်းထားရန်လိုအပ်ကြောင်း၊ မိမိတို့ထုတ်လုပ်သော ကုန်စည်များသည် စံချိန်စံညွှန်းပြည့်မီသော၊ ဘေးအန္တရာယ်ကင်းရှင်းသော၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသော ကုန်စည်များဖြစ်စေရန် အမြဲအလေးထားဆောင်ရွက်သွားရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)