Main menu

ရာသီစာ ပုသိမ်မြို့ရဲ့ မန်ကျည်းရွက်နု

Powered by Drupal

    မန်ကျည်းပင်များသည်  မြို့ရွာ၊ ကျေးလက်ဒေသများတွင်သာမက လယ်ကွင်းများ၊ ခြံဥယျာဉ်များ၊ ကျွဲ ၊နွား စားကျက်များ၌ အနှံ့အပြား တွေ့မြင်နိုင်ပြီး စိုက်ပျိုး၍ရသလို သဘာဝအလျောက်လည်း ပေါက်ရောက်တတ်ပြီး အပင်ပေါက်လွယ်သည့် သစ်ပင်မျိုးဖြစ်ကာ အရွက်နုလေးများထွက်လာလျှင် ခူးယူပြီး ရာသီစာအဖြစ် ရောင်းချလျက်ရှိပါသည်။

   ရာသီစာ မန်ကျည်းရွက်နုများကို အများအားဖြင့် ကြော်စား၊ ချက်စား၊ သုပ်စား  ၊ အရည်သောက်ဟင်းချိုများ ချက်စားကြသည့်အပြင် မန်ကျည်းရွက်နုတွေ မန်ကျည်းပွင့်တွေကို နှစ်ပေါက်စားသုံးနိုင်အောင် အိုးလေးတွေနဲ့ သိပ်ပြီးအချဉ်တည်ကာ နှစ်နှစ်သက်သက် စားသုံးကြလေ့ရှိပါတယ်

    ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင်လည်း ရာသီစာပေါ်ဦးပေါ်ဖျား မန်ကျည်းရွက်နုများအား တစ်ပိဿာလျှင် ၁၀၀၀၀-၁၂၀၀၀ ကျပ်ဖြင့် ရောင်းချနေရခြင်းကြောင့် မန်ကျည်းရွက်နု ခူးယူရောင်းချနေသူများ လတ်တလော စီးပွားရေးတွက်ခြေကိုက်နေကြသည့်အတွက် မိသားစု အပိုဝင်ငွေရနေကြောင်း မန်ကျည်းရွက်ခူးယူရောင်းချနေသူများထံက သိရသည်။

DOCA(ဧရာဝတီ)