
စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ခိုင်ရွှေ၊ ဒုကြီးကြပ်ရေးမှူးပါ (၃)ဦးတို့သည် (၁၄-၅-၂၀၂၄)ရက်နေ့ နေ့လယ် (၁၃:၂၀)နာရီအချိန်မှစ၍ အင်းစိန်မြို့နယ်၊ အင်းစိန်ဈေးတာဝန်ခံပါ(၂)ဦးတို့နှင့်အတူ ဈေးအတွင်းရှိကုန်စုံဆိုင်များတွင် စားသုံးဆီအမျိုးမျိုးအားကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် အင်းစိန်ဈေးအတွင်းရှိ ကုန်စုံဆိုင်များဖြစ်သော ဒေါ်အေးအေးခိုင်၊ ဒေါ်စန်းနွဲ့၊ ဒေါ်အေးအေး၊ ဒေါ်စန်းမြင့်နှင့် ကိုပိုင်ဇော်ဆိုင်များတွင် ဒီဒီ (မြေပဲဆီ၊ Goody (အဆင့်မြင့်သန့်စင်ပြီးသောစားအုန်းဆီ)၊ ရန်ကုန်(ပဲဆီသန့်)၊ Meizan (အဆင့်မြင့်စားအုန်းဆီ)၊ Lotus (ဟင်းသီးဟင်းရွက်ဆီ)၊ Duck (ဟင်းသီးဟင်းရွက်ဆီ)၊ အမေထွား(မြေပဲဆီ)နှင့် Cook (နေကြာဆီ)များ အမှတ်တံဆိပ်အားလုံးတွင် ဥပဒေအခန်း(၁၈)တွင်ပြဌာန်းထားသော ကုန် အညွှန်းအမှတ်အသားဖော်ပြခြင်းတွင် ကုန်စည်အမျိုးအစားအလိုက်သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့်အချက်များ ပါဝင်ခြင်းရှိ/ မရှိကို စစ်ဆေးခဲ့ရာ သတ်မှတ်ချက်အတိုင်းရေးသားထားကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ မိမိတို့ဌာနမှလည်း အမှတ်တံဆိပ်/ ပြဌာန်းချက်များ သတ်မှတ်ချက်များပြည့်စုံသောကုန်ပစ္စည်းများကိုသာရောင်းချရန် အသိပညာပေးပြောကြားခဲ့ပါသည်။
DOCA(ရန်ကုန်)