Main menu

မန္တလေးတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီး/ပြည်နယ်များသို့ ကြက်သွန်နီများ တင်ပို့နေမှုအခြေအနေ

Powered by Drupal

               မန္တလေးတိုင်းဒေသကြီးအတွင်း မိုးကြက်သွန်နီ စိုက်ပျိုးသော မြင်းခြံဈေးကွက်သို့ ကြက်သွန်နီဝင်ရောက်မှုမှာ (၁၀.၂.၂၀၂၂ မှ ၁၆.၂.၂၀၂၂ထိ)တစ်ရက်ပျမ်းမျှပိဿာချိန် (၁၂၀၀၀၀) ဝန်းကျင် ဝင်ရောက်မှုရှိပါသည်။ တစ်ပတ်အတွင်း ရန်ကုန်သို့ (၁၂)ဘီးကား (၅)စီး၊ တန်ချိန် (၈၅) တန်ကို တစ်ပိဿာကားသယ်ယူခ ၉၀ ကျပ်ဖြင့် လည်းကောင်း၊ နေပြည်တော်သို့ (၆)ဘီးကား (၂)စီး၊ ကုန်ချိန်(၁၆)တန်ကို တစ်ပိဿာကားသယ်ခ ၉၅ ကျပ်ဖြင့် လည်းကောင်း၊ မော်လမြိုင်သို့ (၁၂)ဘီးကား (၃၀)စီး၊ ကုန်ချိန် (၅၁၀) တန်ကို ကားသယ်ယူခ တစ်ပိဿာလျှင် ၁၁၀ ကျပ်ဖြင့် လည်းကောင်း၊ စစ်တွေသို့ (၁၂)ဘီးကား (၇)စီး၊ ကုန်ချိန်(၁၁၉) တန်ကို တစ်ပိဿာကားသယ်ယူခ ၁၃၀ ကျပ်ဖြင့် လည်းကောင်း၊ မြဝတီသို့ (၁၂)ဘီကား (၁၈)စီး၊ ကုန်ချိန် ၃၀၆ တန်ကို တစ်ပိဿာ ကားသယ်ယူခ ၁၅၀ ကျပ်ဖြင့်လည်းကောင်း  တင်ပို့ခဲ့ပါသည်။ ဈေးနှုန်းအနေနှင့် လက္ကားဈေး တစ်ပိဿာလျှင် ၃၅၀ ကျပ်မှ ၆၀၀ ကျပ်ဈေးရှိပြီး၊ ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်ပါက ပစ္စည်းအရည်အသွေးပေါ် မူတည်၍ ဈေးအနည်ငယ်ကျဆင်းပါသည်။ လက်လီဈေးတစ်ပိဿာလျှင် ၅၀၀ ကျပ်မှ ၈၀၀ ကျပ်ဈေးရှိပါသည်။

          တစ်ပတ်အတွင်း ရန်ကုန်၊ မြဝတီမြို့များသို့ ကျောက်ဆည်မှ တွဲကား(၄)စီး၊ (၁၂)ဘီးကား (၄)စီး၊ မြစ်သားမှတွဲကား(၃)စီး၊ (၁၂)ဘီးကား (၂)စီးတင်ပို့ခဲ့ပါသည်။ ကုန်တင်ခနှုန်းထားအနေဖြင့် ရန်ကုန်သို့တစ်ပိဿာ ၈၀ ကျပ်၊ မြဝတီသို့ ၁၂၀ ကျပ်ဈေးရှိပါသည်။ တောင်သူရောင်းဈေးနှုန်းမှာ တစ်ပိဿာလျှင် ၅၀၀/-၅၅၀/-ကျပ်၊ မြို့ပေါ်လက္ကားဈေးတစ်ပိဿာလျှင် ၄၀၀ ကျပ်မှ ၆၀၀ ကျပ်၊ လက်လီဈေးတစ်ပိဿာလျှင် ၅၀၀/-မှ၈၀၀/-ကျပ်ဈေးရှိပါသည်။

          မိတ္ထီလာမှ တစ်ပတ်အတွင်း ရန်ကုန်သို့ (၁၂)ဘီးကား (၃)စီး၊ ကုန်ချိန် (၄၈)တန်ကို ကားသယ်ယူခတစ်ပိဿာလျှင် ၉၀ ကျပ်၊ မြဝတီသို့ တွဲကား(၇)စီး၊ ကုန်ချိန် ၁၇၅ တန်ကို ကားသယ်ယူခတစ်ပိဿာလျှင် ၁၀၀ ကျပ်၊ မူဆယ်သို့(၁၂)ဘီး (၄)စီး၊ ကုန်ချိန် ၆၄ တန် ကားသယ်ခတစ်ပိဿာလျှင် ၁၂၀ ကျပ်ဖြင့် တင်ပို့ခဲ့ပါသည်။ တစ်ပိဿာလက္ကားဈေးအနေဖြင့် ၅၅၀ ကျပ်မှ ၆၀၀ ကျပ်ဈေးရှိပါသည်။                                                                                                                                                                                                                                                                                မန္တလေးဈေးကွက်သို့ မိုးကြက်သွန်အသစ်များ မြင်းခြံ၊မြစ်သား၊ရွှေဘိုတို့မှ ဝင်ရောက်လျက် ရှိပါသည်။ လက္ကားဈေးတစ်ပိဿာလျှင် မြစ်သားစမှာ ၅၀၀ ကျပ်မှ ၉၀၀ ကျပ်၊ မြင်းခြံ၊ရွှေဘိုစမှာ ၄၀၀ ကျပ်မှ ၆၅၀ ကျပ်ဈေးရှိပြီး၊ လက်လီဈေးမှာ ၆၀၀ ကျပ်မှ ၁၀၀၀ ကျပ်ရှိပါသည်။

DOCA(မန္တလေး)