စားသုံးသူရေးရာဦးစီးဌာန ရန်ကုန်အရှေ့ပိုင်းခရိုင်စီးမှူးရုံးမှ ဦးနေလင်း(ဒု-ကြီးကြပ်ရေးမှူး)နှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတို့နှင့် ပူးပေါင်းကာ (၁၆-၅-၂၀၂၄ )ရက်နေ့ နံနက်ပိုင်းအချိန်တွင် ဒဂုံမြို့သစ်ခရိုင်၊ တောင်ဒဂုံမြို့နယ်၊ ဗန္ဓုလအိမ်ရာဝင်းအတွင်းရှိ စားအုန်းဆီ ရောင်းချမှုပြုလုပ်နေသော ဆီလုပ်ငန်းရှင်များနှင့် ဆီလက်လီလက်ကားရောင်းချနေသောကုန်စုံဆိုင်များသို့ အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ တာဝန်ရှိသူများသည် ဈေးကွက်အတွင်းလက်လီ/ လက်ကားဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များအနေဖြင့် ပြည်သူများထံသို့စားသုံးဆီရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးဖြင့်ရောင်းချရေး၊ သတ်မှတ်ဈေးနှုန်းရေးထားသည့်ဗီနိုင်းများအား နေ့စဉ်ချိတ်ဆွဲရောင်းချရရန်နှင့် ခွဲတမ်းရရှိသည့်ဆီပမာဏကိုလည်း ပြည်သူများထံအပြည့်အဝရောင်းချနိုင်ရေး၊ စားသုံးသူများကိုအလေးချိန်မှန်ကန်ပြည့်ဝစွာချိန်တွယ်ရောင်းချရန်တို့ကို အသိပညာပေးရှင်းလင်းပြောကြားခဲ့၍ ဈေးကွက်အတွင်းရောင်းချနေသော စားသုံးဆီအမျိုးမျိုးတို့တွင်လည်း စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်မှုရှိ/ မရှိကိုကွင်းဆင်းစစ်ဆေး၍ အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)