Main menu

တောင်တွင်းကြီးမြို့‌ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရန်နှင့် စျေးနှုန်းများမြှင့်တင်ရောင်းချမှုမရှိစေရေးအတွက် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါသည်။ (၁၄-၅-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်မှ နံနက်(၁၁:၃၀)နာရီအချိန်ထိ တောင်တွင်းကြီးမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင် (၄)ဆိုင်အား အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့များနှင့်ပူးပေါင်း၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

       ထိုသို့စစ်ဆေးရာတွင် ရပ်ကွက်အတွင်းရှိ ဆေးဆိုင်များသို့သွားရောက်၍ အစားအ‌သောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သုံးစွဲရန်မသင့်ဟုတားမြစ်ထားသော ဆေးဝါးများ၊ တရားမဝင်တင်သွင်းလာသောဆေးဝါးများနှင့် သက်တမ်းလွန်နေသော ဆေးဝါးများရောင်းချမှုရှိ/မရှိနှင့် ဆေးစျေးနှုန်းများ အဆမတန်မြှင့်တင်ရောင်းချမှုရှိ/မရှိ စစ်ဆေးခဲ့ကြပါသည်။

          ၎င်းနောက် စားသုံးသူရေးရာဦးစီးဌာန၊ တောင်တွင်းကြီးမြို့နယ်တာဝန်ခံက ဆေးဆိုင်များရှိ အရောင်းဝန်ထမ်းများအား မိမိတို့တာဝန်ယူရောင်းချရမည့် ကောင်တာအလိုက် သက်တမ်းလွန်ဆေးဝါးများမရှိစေရေး အမြဲတမ်းစစ်ဆေးကြရန်နှင့် ဆေးစျေးနှုန်းအဆမတန်မြှင့်တင်ရောင်းချမှုမပြုရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)