
ချင်း(ဂျင်း)သည် အိမ်ရှင်မများအတွက် မပါမဖြစ်အသုံးဝင်သော စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည်။ လူအများစုက ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသားဟင်းများချက်ပြုတ်ရာတွင် အသုံးပြုခြင်း၊ ချင်းပေါက်များကို သုပ်၍စားသုံးခြင်းဖြင့် အသုံးပြုမှုများကြပါသည်။ ပခုက္ကူခရိုင်သည် ချင်းထွက်ရှိမှုမရှိ၍ ရှမ်းပြည်နယ်၊ အောင်ပန်းမြို့မှထွက်ရှိသော ချင်းများမှာ ပခုက္ကူဈေးကွက်သို့ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။
ချင်း(ဂျင်း)ဈေးကွက်အနေဖြင့် ၂၀၂၄ခုနှစ်၊ မေလ(ပထမပတ်)မှစ၍ ချင်းဈေးနှုန်းများမြင့်တက်လာခဲ့ပါသည်။ ဧပြီလ(စတုတ္ထပတ်)တွင် ချင်းတစ်ပိဿာလျှင် လက်ကားဈေး ကျပ်(၅၀၀၀-၆၀၀၀)၊ မေလ(ပထမပတ်)တွင် ကျပ် (၈၀၀၀-၉၀၀၀)၊ မေလ(ဒုတိယပတ်)တွင် ကျပ်(၁၀၀၀၀)ထိဈေးနှုန်းမြင့်တက်လာပြီး အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရှိရသည်။ ပခုက္ကူဈေးကွက်၌ ယခုလတွင် ချင်းပိဿာ(၁၀၀)ခန့်အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခင်လများထက်အရောင်းအဝယ်နည်းကြောင်း စားဖိုဆောင်သီးနှံ ရောင်းဝယ်ရေးဈေးကွက်မှသိရှိရပါသည်။
DOCA(မကွေး)