ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းနှင့် ဝန်ထမ်းများသည် ၂၀၂၄ခုနှစ်၊ မေလ(၁၃) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် ကုန်မျိုးစုံရောင်းချသည့် လုပ်ငန်းရှင်(၃၀) ဦးအား စားသုံးသူရေးရာဦးစီးဌာနရုံး၌ အသိပညာပေးဟောပြောခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် ကျိုက်လတ်မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များ၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏အခွင့်အရေးနှင့်တာဝန်များ၊ ဝန်ဆောင်မှုနှင့်ပက်သက်၍ အာမခံချက်ပေးခြင်း၊ ကုန်စည် (သို့) ဝန်ဆောင်မှုလုံခြုံစိတ်ချရမှု၊ ကုန်စည်(သို့) ဝန်ဆောင်မှုအပေါ် တာဝန်ခံမှု၊ ပြစ်မှု၊ ပြစ်ဒဏ်များကို အသိပညာပေးဟောပြောခဲ့ပြီး ကုန်စည်နှင့် ဝန်ဆောင်မှုထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော လုပ်ငန်းရှင်များပါ စားသုံးသူကာကွယ်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ သိလိုသည်များကို မည်သူမဆိုမေးမြန်းနိုင်ပါကြောင်း၊ ကုန်မျိုးစုံလုပ်ငန်းရှင်များ၏ သိလိုသည်များ မေးမြန်းမှုအပေါ် မြို့နယ်တာဝန်ခံက ပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီး နေ့လယ်(၁၅:၃၀) နာရီအချိန်တွင် အခမ်းအနားပြီးစီးကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)