ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနရှိ စစ်ဆေးရေးအရာရှိများသည် မိတ်ဖက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဧပြီလအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများပြုလုပ်ခဲ့ပါသည်။ ဧရာဝတီတိုင်းဒေသကြီး၌ ဧပြီလအတွင်း မြို့နယ်အလိုက် အထူးဈေးကွက်စောင့်ကြည့်ခြင်း (၃၄)ကြိမ်ပြုလုပ်ခဲ့ပါသည်။ စက်သုံးဆီ၊ စားသုံးဆီနှင့် ဆေးဝါးများကို အထူးဈေးကွက်စောင့်ကြည့်ခြင်းအနေဖြင့် စောင့်ကြည့်စစ်ဆေးခဲ့ပြီး ဦးစားပေးကုန်စည် (၁၀)မျိုးနှင့် အရေးကြီးကုန်စည်၊ အိမ်သုံးဆေးဝါးအမျိုးမျိုးနှင့် ဘိလပ်မြေတို့ကိုလည်း စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရှိရသည်။
စစ်ဆေးရေးအရာရှိများသည် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ထုတ်ပြန်ဖော်ပြထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူစိတ်ကျေနပ်မှုရရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပစ်ဒဏ်များအကြောင်းတို့ကိုအသိပညာပေးဆွေးနွေးခဲ့ပါသည်။
စစ်ဆေးရေးအရာရှိများသည် ဧပြီလအတွင်း ရုံးချုပ်၏ညွှန်ကြားချက်အရ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများကို စံသတ်မှတ်ချက်များနှင့်အညီ ထုပ်ပိုးခြင်းနှင့် ကျန်းမာရေးအသိပေးရုပ်ပုံများ၊ စာသားများပုံနှိပ်ဖော်ပြခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနတွင် စစ်ဆေးရေးအရာရှိ ( ၅၉ ) ခန့်ထားဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)