Main menu

“သင်္ဘောစိုက်ပျိုးမှုနှင့် စျေးနှုန်းစျေးကွက်အခြေအနေ”

Powered by Drupal

      ကျောက်ဆည်ခရိုင်သည် စိုက်ပျိုးရေးကိုအဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်သည့်အတွက် သီးနှံမျိုးစုံစိုက်ပျိုးကြပါသည်။ သီးနှံမျိုးစုံစိုက်ပျိုးကြသည့်အနက် ရာသီမ‌ရွေးစိုက်ပျိုးနိုင်ပြီး ရာသီမ‌ရွေးစားသုံးနိုင်သော စျေးကွက်ဝယ်လိုအားရှိသည့် သင်္ဘောပင်များကိုလည်း တိုးချဲ့စိုက်ပျိုးလာကြပါသည်။ သင်္ဘောပင်စိုက်ပျိုးရာတွင် မျိုးကောင်းမျိုးသန့်များ ရွေးချယ်ပျိုးထောင်၍ ပျိုးပင် များဖြစ်ထွန်းလာပါက မြေကျင်းတူး၍ (၂)ပေခြား(၃)ပေခြား စိုက်ပျိုးကြပါသည်။ တစ်ဧကကုန်ကျ စရိတ်အနေဖြင့်(၃၅၀၀၀၀-၄၀၀၀၀၀/-)ကျပ်အထိရှိပြီး မြေဆီ၊မြေသြဇာကျွေးသည့် အပေါ်မူတည်၍ အသီးအပွင့်ဝေဆာ၍ အပင်သက်တမ်းကြာနိုင်ကြောင်း သင်္ဘောခြံများမှ အများအားဖြင့် သင်္ဘောသီးအမှည့်ကို ဦးစားပေးရောင်းချကြကြောင်း၊ ရောင်းတန်းမဝင်သောအသီးစိမ်းများကို သင်္ဘောသီး ထောင်း ရောင်းချသောသူများမှ လာရောက်ဝယ်ယူကြ‌ကြောင်း ၊သင်္ဘောသီးအမှည့်တစ်လုံး( အကြီး) (၁၅၀၀-၂၀၀၀/-)ကျပ်၊အလတ်တစ်လုံးလျှင် (၈၀၀-၁၀၀၀/-)ကျပ် အထိရောင်းချရပြီး  သင်္ဘောသီး အစိမ်းတစ်လုံးလျှင် ဖောက်သည်စျေးအနေဖြင့် အလုံးအကြီးအသေးပေါ်မူတည်၍ (၃၀၀-၅၀၀/-) ကျပ်အထိ ရောင်းချရကြောင်း ၊ သင်္ဘောသီးအမှည့်ဖျော်ရည်အဖြစ် သောက်သုံးကြသလို သင်္ဘောသီး အစိမ်းကို ရခိုင်သုပ်၊ ဗမာသုပ်အဖြစ် စားသုံးကြပါသည်။ သင်္ဘောသီး အမှည့်နှင့်အစိမ်းကို စားသုံးသူများ ဝယ်ယူစားသုံးကြသဖြင့် တောင်သူဦးကြီးများအနေဖြင့် နေ့စဉ်ဝင်ငွေတိုးစေသော သင်္ဘောပင်များကို တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)