Main menu

“ပိန္နဲသီးဈေးနှုန်း”

Powered by Drupal

      ပိန္နဲပင်သည် မြန်မာနိုင်ငံအနှံအပြားတွင် စိုက်ပျိုးဖြစ်ထွန်းလျက်ရှိပြီး မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်တွင်လည်း ခြံတိုင်း၊အိမ်တိုင်းတွင် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိပါသည်။ ယခုအခါ ဒေသမျိုးအပြင် ယိုးဒယားပိန္နဲကိုပါ စိုက်ပျိုး၍ မိသားစုဝင်ငွေတိုးလျက်ရှိပါသည် ။ ယိုးဒယား ပိန္နဲကို ကိုင်းကူး၊ ကိုင်းဆက်ပြီး အပင်သက်တမ်း(၃)နှစ်ကျော်လျှင် အသီးစတင်ခူးဆွတ်ရနိုင်ပါသည်။ ပိန္နဲသီးတွင် ဗီတာမင်အေ ၊ ဗီတာမင်စီ ၊ သတ္ထုဓါတ်နှင့် ကာဗွန်ဟိုက်ဒြိုက်ဓါတ်များ ကြွယ်ဝပြီး ပိန္နဲသီးအမှည့်များတွင် ဗီတာမင်အေ ပို၍ကြွယ်ဝပါသည်။ လူသားတိုင်းအတွက် ကျန်းမာ‌ရေးနှင့်ညီညွတ်သော အသီးအနှံဖြစ်ပြီး အလွယ်တကူ စိုက်ပျိုးဖြစ်ထွန်းနိုင်ပါသည် ။ ယခုအချိန်တွင် ဒေသမျိုး ပိန္နဲသီးများ မထွက်ရှိသေးသော်လည်း ယိုးဒယားပိန္နဲသီးများ ထွက်ရှိရောင်းချနေပြီး ယိုးဒယား ပိန္နဲသီးအကြီး တစ်လုံးလျှင် (၁၅၀၀၀-၂၀၀၀၀/-)ကျပ် ၊ အလတ်တစ်လုံးလျှင် (၇၀၀၀-၈၀၀၀/-) ကျပ် စျေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေပြီး ပိန္နဲသီးစေ့အိမ် တစ်အိမ်လျှင် (၂၀၀/-)ကျပ် ၊ (၁၀)လုံးပါ ပါကင်တစ်ထုပ်လျှင် (၁၅၀၀/-)ကျပ်ဈေးနှုန်းဖြင့် ရောင်းချလျက် သိရှိရပါသည်။

DOCA(မန္တလေး)