Main menu

စက်သုံးဆီများ အထူးဈေးနှုန်းဖြင့် ရောင်းချမှုအား ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်း ဆောင်ရွက်

Powered by Drupal

          မန္တလေးတိုင်းဒေသကြီးအတွင်း စက်သုံးဆီများအား သက်သာသောဈေးနှုန်းဖြင့် ပြန်လည်ရောင်းချရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးအဖွဲ့အနေဖြင့် ၁၆.၂.၂၀၂၂ နေ့တွင် ဗဟိုဘဏ်မှ ရောင်းချပေးသည့် ငွေလဲနှုန်းနှင့်ညီမျှသည့် သက်သာသောဈေးနှုန်းဖြင့် ပြန်လည်ဖြန့်ဖြူးရောင်းချလျက်ရှိသော မန္တလေးခရိုင်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိရာ စက်သုံးဆီအရောင်းဆိုင်များအနေနှင့် အထူးဈေးနှုန်းရောင်းချနေကြောင်း ဗီနိုင်းကပ်၍ ဒီဇယ်(၁)လီတာလျင် ၁၅၉၄ ကျပ်၊ ပရီမီယမ်ဒီဇယ် (၁)လီတာလျင် ၁၆၀၂ ကျပ်ဖြင့် ရောင်းချလျက်ရှိရာ အချင်အတွယ်မှန်ကန်မှုကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု သိရပါသည်။

          ဆက်လက်၍ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးမှုအပြီး စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စက်သုံးဆီအရောင်းဆိုင်မန်နေဂျာ/တာဝန်ခံနှင့် အရောင်းဝန်ထမ်းများအား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ဆောင်ရန်/ရှောင်ရန်များ၊ စားသုံးသူအခွင့်အရေး၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြရမည့်ကိစ္စရပ်များ၊ တားမြစ်ချက်များ၊ ပြစ်မှု/ပြစ်ဒဏ်များနှင့် အရေးဆိုတိုင်ကြားနိုင်သည့်အခြေအနေများအား ရှင်းလင်းဟောပြောဆွေးနွေးခဲ့ပြီး စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)