Main menu

မော်လမြိုင်မြို့ကုန်စည်ဒိုင်၌ မေလတတိယအပတ်တွင် ဖြစ်ပေါ်လျက်ရှိသော ကြက်သွန်နီနှင့် ကြက်သွန်ဖြူဈေးနှုန်းများ

Powered by Drupal

     မော်လမြိုင်မြို့ ကုန်စည်ဒိုင်၌ မေလ တတိယအပတ်တွင် ဖြစ်ပေါ်လျက်ရှိသော ကြက်သွန်နီဈေးနှုန်းများမှာ မြစ်သားကြက်သွန်နီ(အကြီး) ၁ပိဿာလျှင် ၃၀၀၀ ကျပ်၊ မြစ်သားကြက်သွန်နီ(အလတ်) ၁ပိဿာလျှင် ၂၉၀၀ ကျပ်၊ မြစ်သားကြက်သွန်နီ (အသေး) ၁ပိဿာလျှင် ၂၇၀၀ ကျပ်၊ မုံရွာကြက်သွန်နီ(အကြီး) ၁ပိဿာလျှင် ၂၆၀၀ ကျပ်၊ မုံရွာကြက်သွန်နီ(အလတ်) ၁ပိဿာလျှင် ၂၅၀၀ ကျပ်၊ မုံရွာကြက်သွန်နီ(အသေး) ၁ပိဿာလျှင် ၂၀၀၀ ကျပ် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခင်လနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းအနည်းငယ် ကျဆင်းလျက်ရှိကြောင်း သိရှိရပါသည်။

     ကြက်သွန်ဖြူဈေးနှုန်းများမှာ ကြူကုတ် ၁ပိဿာလျှင် ၁၂၀၀၀ ကျပ်၊ ထူးလေး ၁ပိဿာလျှင် ၉၂၀၀ ကျပ်၊ ထူးငါး ၁ပိဿာလျှင် ၉၇၀၀ ကျပ်၊ ဂျင်း(ဥမ) ၁ပိဿာလျှင် ၈၇၀၀ ကျပ် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခင်လနှင့် နှိုင်းယှဉ်ပါက ကြူကုတ် ၁၀၀၀ ကျပ်၊ ဂျင်း ၃၀၀ ကျပ် ဈေးနှုန်းများကျဆင်းလျက်ရှိပြီး ထူးလေးနှင့်ထူးငါးမှာ ဈေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)