Main menu

တောင်ငူမြို့တွင် စီပီကြက်သားနှင့် ငါးဈေးတက်

Powered by Drupal

       တောင်ငူမြို့ ညောင်ပင်ဈေးရှိ သားငါးဆိုင်များတွင် ၂၀၂၄ခုနှစ်၊ မေလလယ်ပိုင်းတွင် ရောင်းချသောဈေးနှုန်းများမှာ ကြက်သား (အိမ်မွေးကြက်) မှာ တစ်ပိဿာလျှင် အကောင်လိုက်ဈေး ၂၀၀၀၀ကျပ်၊ အခြမ်းလိုက်ဈေးမှာ တစ်ပိဿာလျှင် ၂၅၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး စီပီကြက်မှာ ဧပြီလလယ်ပိုင်းတွင် တစ်ပိဿာလျှင် အကောင်လိုက်ဈေး ၁၀၀၀၀ကျပ်၊ အခြမ်းလိုက်ဈေး ၁၄၀၀၀ကျပ်ရှိခဲ့ရာမှ မေလ၊ ဒုတိယအပတ်တွင် အကောင်လိုက်ဈေး ၁၂၀၀၀ကျပ်၊ အခြမ်းလိုက်ဈေး ၁၅၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်လာခဲ့ပါသည်။ ဝက်သားမှာ တစ်ပိဿာလျှင် မေလ၊ ဒုတိယအပတ်တွင် သုံးထပ်သား ၁၅၀၀၀ကျပ်၊ ပေါင်သား ၁၇၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။ 

         ငါးကြင်းမှာ ဧပြီလလယ်ပိုင်းတွင် တစ်ပိဿာလျှင် အကောင်လိုက်ဈေး ၈၀၀၀ကျပ်၊ အခြမ်းလိုက်ဈေး ၁၂၀၀၀ကျပ်ရှိခဲ့ရာမှ မေလ၊ ဒုတိယအပတ်တွင် တစ်ပိဿာလျှင် အကောင်လိုက်ဈေး ၁၀၀၀၀ကျပ်၊ အခြမ်းလိုက်ဈေး ၁၄၀၀၀ကျပ်၊ ငါးကြင်းဖြူမှာ  ဧပြီလလယ်ပိုင်းတွင် တစ်ပိဿာလျှင် အကောင်လိုက်ဈေး ၁၆၀၀၀ကျပ် အခြမ်းလိုက်ဈေး ၁၈၀၀၀ကျပ်ရှိခဲ့ရာမှ မေလ၊ ဒုတိယအပတ်တွင် တစ်ပိဿာလျှင် အကောင်လိုက်ဈေး ၁၈၀၀၀ကျပ်၊ အခြမ်းလိုက်ဈေး ၂၂၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်လာခဲ့ပါသည်။

        ငါးရံ့မှာ ဧပြီလလယ်ပိုင်းတွင် တစ်ပိဿာလျှင် ၁၈၀၀၀ကျပ်ရှိခဲ့ရာမှ မေလ၊ ဒုတိယအပတ်တွင် တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်၊ ငါးခူမှာ ဧပြီလလယ်ပိုင်းတွင် တစ်ပိဿာလျှင် ၁၈၀၀၀ကျပ်မှ ၂၀၀၀၀ကျပ်ရှိခဲ့ရာမှ မေလ၊ ဒုတိယအပတ်တွင် တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်မှ ၂၂၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်လာခဲ့ပါသည်။

      ပုစွန်ဆိတ်မှာ တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်၊ ပုစွန်ကြီးမှာ ဧပြီလလယ်တွင် တစ်ပိဿာလျှင် ၂၈၀၀၀ကျပ်မှ ယခုမေလ၊ ဒုတိယအပတ်အထိ ၃၅၀၀၀ကျပ်ဖြင့် တည်ငြိမ်နေကြောင်း ညောင်ပင်ဈေးရှိ သားငါးအရောင်းဆိုင်များမှသိရှိရပါသည်။

DOCA(ပဲခူး)