Main menu

တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ နွေစပါးစံကွက်ရှိ နွေစပါးများ ပန်းတိုင်အထွက်နှုန်းထက်ကျော်လွန်

Powered by Drupal

      တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်သည် စစ်တောင်းမြစ်ဝှမ်း ရေတော်မိုးတော်ဒေသဖြစ်၍ မိုးစပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများ အောင်မြင်စွာစိုက်ပျိုးဖြစ်ထွန်းလျက်ရှိသကဲ့သို့ ပဲခူးရိုးမတောင်ပေါ်ရှိ ဆည်ကြီးများ၊ လျှပ်စစ်မြစ်ရေတင်စီမံကိန်းများကြောင့်လည်း နွေစပါးများအောင်မြင်ဖြစ်ထွန်းလျက်ရှိပါသည်။

          ၂၀၂၄ခုနှစ်၊ မေလ ၁၄ရက်နေ့တွင် အုတ်တွင်းမြို့နယ်၊ ဥယျာဉ်တော်ကျေးရွာအုပ်စု၊ သစ်လေးပင်(တောင်)ကွင်းတွင် ခပေါင်းဆည်ရေသောက်မှ မျိုးစေ့ချကိရိယာဖြင့် ထိုင်းနှံကောက် ကောင်းအဆင့် နွေစပါးစိုက်ပျိုးသော တောင်သူလယ်သမားကြီး ဦးမြင့်သိန်း၏ ဧရိယာ (၁.၈၀)ဧကမှ စံကွက်အဖြစ် (၀.၁၀)ဧကအား ရိတ်သိမ်းဆောင်ရွက်ခဲ့ရာ ၁၃၅တင်းနှုန်းထွက်ရှိသဖြင့် ပန်းတိုင်အထွက်နှုန်းထက် ကျော်လွန်ကြောင်းသိရှိရပါသည်။

         စံကွက်ရိတ်သိမ်းပွဲသို့ စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်)၊ စပါးသီးနှံဌာနခွဲ ညွှန်ကြားရေးမှူးနှင့် စိုက်ပျိုးရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူး၊ တောင်ငူခရိုင်ဦးစီးမှူး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးနှင့် အုတ်တွင်းမြို့နယ်၊  စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များနှင့် တောင်သူများတက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)