Main menu

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ ဆန်ဈေးနှုန်းများအခြေအနေ

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ  ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူ၊ ရွှေဘိုနှင့် ရေဦး၊ ကသာခရိုင်(အင်းတော်မြို့နယ်)နှင့် မုံရွာခရိုင်များ အနေဖြင့် စပါး၊ ဆန် ဈေးနှုန်းများ မှာ ယခင်အပတ်များအတိုင်း ဈေးအေးနေပါကြောင်း သိရှိရပါသည်။

     စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မေလ  (ဒုတိယ) ပတ်တွင် ဖြစ်ပေါ်နေသော စပါး/ ဆန် ဈေးနှုန်းများမှာ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်မှ ရွှေဘိုပေါ်ဆန်း (စပါး)(သစ်)  တင်း ၁၀၀လျှင် ကျပ် ၄၃၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) (သစ်)၂၄ပြည်ပါ တစ်အိတ်လျှင် ၁၅၀၀၀၀ကျပ်၊ ရွှေဘိုဧရာမင်း(စပါး)(သစ်)  တင်း ၁၀၀လျှင် ကျပ် ၃၃၀၀၀၀၀၊ ဧရာမင်း (ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင် ၁၄၀၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

    ရေဦးခရိုင်၊ ရေဦးမြို့နယ်မှ ပေါ်ဆန်း (စပါး)(သစ်)  တင်း ၁၀၀လျှင် ကျပ် ၄၃၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) (သစ်)၂၄ပြည်ပါ တစ်အိတ်လျှင် ၁၅၀၀၀၀ကျပ်၊ ရွှေဘိုဧရာမင်း(စပါး)(သစ်)  တင်း ၁၀၀လျှင် ကျပ် ၃၃၀၀၀၀၀၊ ဧရာမင်း (ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင် ၁၄၀၀၀၀  ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း သိရပါသည်။

     ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး) (သစ်)တင်း၁၀၀ လျှင် ၂,၆၅၀,၀၀၀၊ ဧည့်မထ (ဆန်) (သစ်)‌၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၈၅,၀၀၀၊ ငစိန်(စပါး)(သစ်)တင်း၁၀၀လျှင် ၂၄၅၀,၀၀၀၊ ငစိန် (ဆန်)(သစ်)၂၄ပြည်ပါ တစ်အိတ်မှာ ၇၀,၀၀၀၊ ဧရာမင်း(စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ် ၂,၇၀၀,၀၀၀၊ ဧရာမင်း(ဆန်)(သစ်)၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၉၅,၀၀၀၊ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

     ကသာခရိုင်၊ အင်းတော်မြို့နယ်မှ ဆင်းဧကရီ(၃)(စပါး) (သစ်) တင်း၁၀၀ လျှင် ကျပ် ၁,၆၅၀,၀၀၀၊ ဆင်းဧကရီ-၃ ဆန် (သစ်) ၂၄ပြည်တစ်အိတ်မှာကျပ် ၈၅,၀၀၀၊ ဧရာမင်း(စပါး)(သစ်)  တင်း ၁၀၀လျှင် ကျပ် ၃၀၀၀၀၀၀၊ ဧရာမင်း (ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင် ၁၄၈၀၀၀  ကျပ်  ဖြင့်အရောင်းအဝယ်ဖြစ် နေကြောင်း သိရပါသည်။

     မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)(သစ်)တင်း ၁၀၀ လျှင် ကျပ် ၃,၀၀၀,၀၀၀၊  ဧရာမင်း (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၁၃၅၀၀၀၊ ရွှေဘိုပေါ်ဆန်း(စပါး) (သစ်) တင်း ၁၀၀ လျှင် ကျပ် ၃၈၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၁၅၀၀၀၀၊ မနောသုခ (စပါး)(သစ်)တင်း ၁၀၀ လျှင် ကျပ် ၂၆၀၀,၀၀၀၊  မနောသုခ (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၈၈၀၀၀၊ ရွှေဝါထွန်း (စပါး)(သစ်)တင်း ၁၀၀ လျှင် ကျပ် ၂၆၀၀,၀၀၀၊  ရွှေဝါထွန်း (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၈၅၀၀၀၊ ရွှေသွယ်ရင်  (စပါး)(သစ်)တင်း ၁၀၀ လျှင် ကျပ် ၂၆၀၀,၀၀၀၊  ရွှေသွယ်ရင် (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၈၅၀၀၀၊ ငစိန်   (စပါး)(သစ်)တင်း ၁၀၀ လျှင် ကျပ် ၂၂၀၀,၀၀၀၊  ငစိန်  (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၇၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)