Main menu

မုံရွာမြို့တွင် ရာသီပေါ် ထန်းသီးဆန်များ ဈေးကွက်သို့ ရောက်ရှိလာ

Powered by Drupal

      စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် စားသုံးသူဈေးကွက်သို့ ရာသီပေါ်သီးနှံဖြစ်သည့်  ထန်းသီးဆန်များ၊ ထန်းသီးများ ရောက်ရှိလာပြီဖြစ်ပြီး  ကန်သာယာဈေး၊ နန္ဒဝန်ဈေးနှင့် အိုးအိမ်းဈေးများတွင်  မုံရွာမြို့နယ်ရှိ  ကျေးရွာများက ဈေးသည်များ လာရောက်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

      ထန်းသီးတစ်လုံးလျှင် ထန်းသီဆန် ၃ ဆန်ဝန်းကျင်ပါရှိပြီး  အရွယ်အစားအလိုက် အလုံးကြီးပါက ငွေကျပ် (၁၀၀၀) ဖိုး (၃) လုံး၊အသေး ငွေကျပ် (၁၀၀၀) ဖိုး(၄) လုံး၊ ထန်းသီးဆန် (၁)ထုပ်လျှင် (၁၀၀၀)ကျပ်နှုန်းဖြင့်  ရောင်းချရပြီး  အလုံးရေ ၁၅ လောက်ပါသော ထန်းသီးအခိုင်လိုက်ကို ငွေကျပ် ၃၅၀၀ မှ ၅၀၀၀ ကျပ်ထိ ရောင်းချရပါကြောင်း  သိရှိရပါသည်။ တန်ခူးလ၊ ထန်းသီးပေါ်ချိန်တွင် အရည်ရွှမ်း၍ စားသုံးရန် အကောင်းဆုံးအချိန်ဖြစ်ပြီး နယုန်လလောက်မှာ အရင့်ဘက်သို့ ရောက်လာသဖြင့် နည်းနည်းမာလာပါကြောင်း ၊ တစ်ရက်လျှင် ရောင်းရငွေမှာ ငွေကျပ်(၁၅၀၀၀) ကျော်နှင့် (၂၀၀၀၀)ကျပ်ဝန်းကျင်ခန့် ရောင်းချရပါကြောင်း၊ ထန်းပင်ကို ကိုယ်တိုင်တက်ခုတ်၍ ရောင်းချသဖြင့် အရင်းစိုက်ထုတ်ရမှုမရှိဘဲ  ထန်းသီးပေါ်ချိန်တစ်ရာသီလျှင် တစ်လခွဲခန့်ကြာမြင့်၍  ငွေကျပ် ၅ သိန်းခန့် အပိုဝင်ငွေရရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)