Main menu

နနွင်းစိုက်ပျိုးမှုနှင့်စျေးကွက်အခြေအနေကွင်းဆင်းလေ့လာ

Powered by Drupal

            မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်အတွင်းရှိ တောင်သူများအနေဖြင့် စပါးကို အဓိက ထားစိုက်ပျိုးကြသော်လည်း စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော နနွင်းသီးနှံကို ယာမြေများတွင် အများဆုံး စိုက်ပျိုးကြပါသည် ။ ကျောက်ဆည်ခရိုင်တွင် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်တွင် နနွင်းစိုက် ဧက(၂၅၃၁)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး၊ ၂၀၂၁-၂၀၂၂ခုနှစ်တွင်(၂၅၁၈)ဧကစိုက်ပျိုးထားကြောင်း သက်ဆိုင်ရာဌာန၏စာရင်းများအရ သိရှိရပါသည် ။ ယခင်နှစ်ထက် နည်းငယ်လျော့နည်း စိုက်ပျိုးသည်မှာ သွင်းအားစုများ စျေးနှုန်းမြင့်တက်လာမှုကြောင့် နနွင်းစိုက်ဧကများ လျော့နည်း လာကြောင်း သိရှိရပါသည်။ နနွင်းသီးနှံသည် ဧပြီ ၊ မေလများတွင် စိုက်ပျိုးကြပြီး သဲနုန်းမြေကို ပိုမိုနှစ်သက်ပြီး အခြားသီးနှံများကဲသို့မြေပြင်ပြီးဘောင်ဖြင့်စိုက်ပျိုးရကြောင်း ၊ စိုက်ပျိုးပြီး(၄)လ အကြာတွင် အဖူးအပွင့်များစတင်ဖူးပွင့်ကြောင်း၊ နနွင်းဖူးများကိုစျေးကွက်တွင်ရောင်းချပါက မိသားစုအပိုဝင်ငွေများရရှိသည့်အပြင်  နှမ်းသီးနှံနှင့် တိုင်ထောင်တစ်လပဲများကိုလည်း သီးညှပ်အဖြစ်စိုက်ပျိုးကြကြောင်း ၊ နနွင်းကို ဇန်နဝါရီလ နှင့် ဖေဖော်ဝါရီလများတွင် စတင်တူးဖော်ပြီး (၁)ဧက ကုန်ကျစရိတ်အနေဖြင့် (၁၀၀၀၀၀၀/-)ကျပ်ဝန်းကျင်ကုန်ကျကြောင်း ၊ စိုက်ပျိုးရာတွင် မျိုးအနေဖြင့် နနွင်းဂေါင်း သို့မဟုတ် နနွင်းတက်များကိုသာ စိုက်ပျိုးကြကြောင်း ၊ နနွင်းဂေါင်းဖြင့် စိုက်ပျိုးလျှင်(၁)ဧက(၁၀၀)တင်း ကုန်ကျကြီး၊နနွင်းတက်ဖြင့် စိုက်ပျိုးလျှင်(၁)ဧကလျှင်(၅၀)တင်း ကုန်ကျကြောင်း ၊နနွင်းမျိုးစျေးနှုန်းအနေဖြင့် နနွင်းဂေါင်းတင်း(၁၀၀)လျှင် (၄၀၀၀၀၀/-)ကျပ်၊ နနွင်းတက် တင်း(၅၀)လျှင်(၃၀၀၀၀၀/-) ကျပ်ပေးရကြောင်း ၊ အထွက်နှုန်းအနေဖြင့် (၁)ဧကလျှင် နနွင်းတက်အစိုလှည်း(၁၂)စီးခန့်ထွက်ရှိကြောင်း၊ ၎င်းနနွင်းတက်အစိုများအားပြုတ်ပြီး အခြောက်လှန်းပါက နနွင်းတက်(၇၀၀-၈၀၀)ပိဿာ ခန့်ထွက်ရှိကြောင်းသိရှိရပါသည်။ စျေးနှုန်းအနေဖြင့် နနွင်းတက်အစိုလှည်း(၁)စီးလျှင် ယခင်နှစ်တွင် (၁၀၀၀၀၀/-)ကျပ် ၊ ယခုနှစ်တွင် (၁၅၀၀၀၀/-)ကျပ် ၊ နနွင်းတက် အခြောက်(၁)ပိဿာလျှင် ယခင်နှစ်တွင်(၂၀၀၀/-)ကျပ် ၊ ယခုနှစ်တွင် (၂၅၀၀/-)ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေပြီး နနွင်းတက်(၁)ပိဿာ ကြိတ်လျှင် နနွင်းမှုန့်(၁)ပိဿာရရှိပြီး ကြိတ်ခအနေဖြင့်(၆၀၀)ကျပ် ပေးရကြောင်း၊ နနွင်းမှုန့် (၁)ပိဿာစျေးနှုန်းမှာ(၅၀၀၀/-)ကျပ်စျေးရှိကြောင်း ၊ တောင်သူများအနေဖြင့် ယခင်နှစ်ထက် စျေးနှုန်းပိုမိုရရှိခဲ့ပြီး (၁)ဧကအကျိုးအမြတ်အနေဖြင့် (၇၅၀၀၀၀/-)ကျပ်ခန့် ရရှိကြောင်း တောင်သူတစ်ဦး၏ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)