Main menu

ပြည်ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်နေသော မင်းဂွတ်သီး

Powered by Drupal

     မင်းဂွတ်သီးသည် အသီးစသီးချိန်တွင် အခွံမှာ အစိမ်းရောင်ဖြစ်ပြီး မှည့်ခါနီးအချိန်တွင် အခွံမှာ အနီရောင်ဖြစ်လာပါသည်။ ထိုမှတစ်ဆင့် တဖြည်းဖြည်းခရမ်းရောင်သန်းလာလျှင် မှည့်ပြီဟုယူဆနိုင်ပါသည်။ မင်းဂွတ်သီးကောင်းတစ်လုံး၏ အပြင်သားမှာ ခရမ်းပုတ်ရောင်ရှိပြီး အတွင်းသားမှာ ဖြူစွတ်စွတ်ဖြစ်ပါသည်။

     မင်းဂွတ်သီး၏ အာနိသင်ကောင်းကျိုးတွေ့ရှိချက်ကြောင့် စီးပွားရေးသမားများသည် မင်းဂွတ်သီးဖျော်ရည်နှင့် မင်းဂွတ်သီးဆေးတောင့်များကို စီးပွားဖြစ်ထုတ်လုပ်ရောင်းချကြပါသည်။ မင်းဂွတ်သီးကို ကျောက်ကြီးနှင့် မုံရွာတို့ဘက်မှ ပြည်ဈေးကွက်အတွင်းသို့ ဝင်ရောက်မှုရှိပြီး အရောင်းအဝယ်အနေဖြင့် ၂၀၂၄ခုနှစ်၊ မေလ ဒုတိယပတ်တွင် ပြည်ဈေးကွက်၌ ဖြစ်ပေါ်နေသော မင်းဂွတ်သီးဈေးနှုန်းမှာ အကြီးတစ်လုံးလျှင် ၆၀၀ကျပ်၊ အသေးတစ်လုံးလျှင် (၃၀၀-၄၀၀) ကျပ်တို့ဖြင့်ရောင်းချနေကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)