![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/97_5.jpg?itok=egBDlOb2)
ပြည်ဈေးကွက်သို့ ရှမ်းပြည်နယ်၊ တောင်ကြီးဘက်မှ ကြက်သွန်ဖြူ(ရှမ်းစ) အသစ်များ စတင်ဝင်ရောက်လျက်ရှိပါသည်။ ဈေးကွက်တွင် ရှမ်းစ(အဟောင်း)နှင့် ရှမ်းစ(အသစ်) များရှိနေပြီး ၂၀၂၄ခုနှစ်၊ မေလ၊ ဒုတိယအပတ်တွင် ရောင်းချသောဈေးနှုန်းများမှာ ရှမ်းစ(အဟောင်း)မှာ တစ်ပိဿာလျှင် လက်လီ ၁၈၀၀၀ကျပ်၊ လက်ကား ၂၀၀၀၀ကျပ်ဈေးနှုန်းရှိပြီး လက်ကျန်နည်းနေပြီး အရောင်းမသွက်တော့ကြောင်းသိရပါသည်။ ရှမ်းစ(အသစ်)မှာ ပေါ်စဖြစ်ပြီး အနည်းငယ်အစိုဓာတ်ရှိနေသေးသည့်အတွက် တစ်ပိဿာလျှင် လက်လီ ၁၃၀၀၀ကျပ်၊ လက်ကား ၁၂၀၀၀ကျပ်ဈေးနှုန်းရှိပြီး အဟောင်းထက် အသစ်မှာပို၍ အရောင်းသွက်လျက်ရှိကြောင်းနှင့် ရှမ်း(ကြူကုတ်) မှာ တစ်ပိဿာလျှင် လက်လီ ၁၅၀၀၀ကျပ်၊ လက်ကား ၁၄၀၀၀ကျပ်ရှိကြောင်းသိရှိရပါသည်။
အာလူးသီးနှံအနေဖြင့် ယခင်သင်္ကြန်ပိတ်ရက်မတိုင်ခင်က တစ်ပိဿာလျှင် လက်လီ ၃၄၀၀ကျပ်၊ လက်ကား ၃၂၀၀ကျပ်ဈေးနှုန်းရှိခဲ့ပြီး သင်္ကြန်အပြီး ယခုကာလများတွင်မူ တစ်ပိဿာလျှင် လက်လီ ၃၀၀၀ကျပ်၊ လက်ကား ၂၈၀၀ကျပ်ဈေးနှုန်းတို့ရှိပြီးာ လက်ကျန်အာလူးမှာ ရာသီဥတုအပူချိန်ကြောင့် သီးနှံအရည်အသွေးကျဆင်းမှုများဖြစ်ပေါ်၍ သီးနှံများပျက်စီးနိုင်သည့်အတွက် ဈေးနှုန်းအနည်းငယ်လျော့နည်းရခြင်းဖြစ်ကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)