![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/98_5.jpg?itok=zWB1_-HQ)
၂၀၂၄ခုနှစ်၊ မေလလယ်တွင် ကောက်ရိုးမှိုများ ပြည်ဈေးကွက်သို့ ဝက်ထီးကန်၊ ပေါင်းတည်ကြီးတို့မှ ဝင်ရောက်မှုရှိပြီး တစ်ပတ်လျှင် တစ်ကြိမ်ခန့်သာ အဝင်ရှိပြီး တစ်ကြိမ်လျှင် (၃/၄) ပိဿာခန့်အဝင်ရှိနေသည်။ စိုစွတ်သောရာသီတွင် မှိုအထွက်များပြီး ယခုခြောက်သွေ့သောရာသီတွင် အထွက်နည်းသဖြင့် ယခင်မိုးရာသီအဝင်များချိန်တွင် ပိဿာချိန် (၇၀)ခန့်သာဝင်ရောက်ခဲ့ပြီး ယခုအချိန်တွင် ပူပြင်းသောရာသီချိန်ဖြစ်သဖြင့် အဝင်မှာ တစ်ခါဝင်ရောက်လျှင် (၃/၄) ပိဿာလောက်သာအဝင်ရှိပြီး ဝင်သလောက်အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။
ယခင်အေးသောရာသီတွင် ကောက်ရိုးမှို (၁၀) ကျပ်သားလျှင် (၁၃၀၀-၁၄၀၀) ကျပ်ရှိပြီး ယခု၂၀၂၄ခုနှစ်၊ မေလ၊ ဒုတိယအပတ်တွင် (၁၀)ကျပ်သားကို (၂၄၀၀-၂၅၀၀) ကျပ်ဖြင့် ရောင်းဝယ်မှုရှိနေသည့်အတွက် ဈေးကွက်အတွင်း ကောက်ရိုးမှိုဈေးနှုန်းမြင့်တက်လျက်ရှိကြောင်းသိရပါသည်။
DOCA(ပဲခူး)