
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့သစ်သီးဆိုင်များတွင် ကသာဒေသမှထွက်ရှိသော လိုင်ချီးသီးများ စတင်ရောင်းချကြောင်းသိရသည်။ ကသာဒေသရှိ လိုင်ချီးသီးရောင်းချသူများထံမှ လိုင်ချီးသီးအတွဲ(၁၀၀)ပါ တစ်ခြင်းလျှင် (၁၈၀၀၀၀)ကျပ်နှင့် ဝယ်ယူရပြီး ကန့်ဘလူမြို့တွင် လိုင်ချီးသီးတစ်တွဲလျှင် (၂၀၀၀)ကျပ်ဖြင့် ရောင်းချရသဖြင့် တစ်ခြင်းလျှင် (၂၀၀၀၀)ကျပ်ခန့် အကျိုးအမြတ်ရရှိကြောင်း၊ လိုင်ချီးသီးသည် ရာသီအချိန်၌သာ ရောင်းချရသည့် အသီးဖြစ်သည့်အတွက် ဝယ်ယူစားသုံးသူများ ကြိုက်ကြသဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း သစ်သီးရောင်းချသည့် လုပ်ငန်းရှင်ထံမှ သိရသည်။
DOCA(စစ်ကိုင်း)