
ပြည်ကုန်စည်ဒိုင်၏ ပဲမျိုးစုံဖြစ်သော မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲ၊ ပဲကြီး၊ ဘိုကိတ်သီးနှံများမှာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။
မေလ ဒုတိယပတ်တွင် မတ်ပဲတစ်တင်းကို (၁၀၁၂၀၀-၁၀၁၅၀၀) ကျပ်ဖြင့် တစ်ရက်လျှင် အိတ်၂၀၀ခန့် ရန်ကုန်အဝယ်ရှိပါသည်။ ပဲစင်းငုံတစ်တင်းကို ၁၃၀၀၀၀ကျပ်ဖြင့် တစ်ရက်လျှင် အိတ် (၂၅၀/၃၀၀) ခန့် ရန်ကုန်အဝယ်ရှိပါသည်။ ကုလားပဲ(HL)တစ်တင်းကို (၈၃၅၀၀-၈၄၀၀၀) ကျပ်၊ မြကြေးမှုံတစ်တင်းကို (၈၆၀၀၀-၈၇၀၀၀) ကျပ်ဖြင့် မြို့တွင်းခွဲစက်သမားများ တစ်ရက်ကို အိတ်၃၀၀ ခန့်အဝယ်ရှိပါသည်။
မေလ ဒုတိယပတ်၌ ပြည်ကုန်စည်ဒိုင်တွင် ပဲကြီး(ရွှေကျွန်း)တစ်တင်းကို ၉၁၀၀၀ကျပ်၊ ပဲကြီး(ကုန်းပဲ)တစ်တင်းကို ၈၆၀၀၀ကျပ်ဖြင့် ပဲကြီးဈေးကျနေပြီး မြို့တွင်းပဲကြော်သမားများက တစ်ရက်လျှင် အိတ်၂၅၀ခန့်အဝယ်ရှိပါသည်။ စားတော်ပဲဈေးနှုန်းလည်းကျဆင်းနေပြီး စားတော်ပဲ(ကျွန်း) တစ်တင်းကို ၉၀၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်လျှင် အိတ်၂၅ခန့်အဝယ်ရှိပါသည်။ ဘိုကိတ်ပဲတစ်တင်းကို (၆၇၀၀၀-၆၈၀၀၀) ကျပ်ဖြင့် မြို့တွင်းနှင့် ရန်ကုန်အဝယ်တစ်ရက်ကို အိတ် (၅၀/၁၀၀) ခန့်ရှိပါသည်။
ပြည်ကုန်စည်ဒိုင်တွင် မတ်ပဲ၊ ပဲစင်းငုံဈေးနှုန်းများမြင့်တက်နေပြီး ကျန်ပဲများမှာ ဈေးနှုန်းကျဆင်းကာ အဝယ်လည်းအေးလျက်ရှိကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)