Main menu

ပြည်မြို့၏ ငရုတ်သီးစိမ်းဈေးကွက်

Powered by Drupal

      ယခုကဲ့သို့သော အချိန်ဖြစ်သည့် မေလဆန်းမှစ၍ ရာသီဥတုမှာ ပူပြင်းလာသဖြင့် အသီးအနှံများလည်း နေရောင်ခြည်လွန်ကဲစွာရရှိသောကြောင့် အထွက်နှုန်းနည်းလာကြောင်းသိရပါသည်။ ၂၀၂၄ခုနှစ်၊ မေလလယ်ပိုင်းတွင် ပုတီးကုန်းဒေသမှထွက်ရှိသော ကျောက်စိမ်းငရုတ်သီးစိမ်းမှာ ယခုအချိန်၌ အထွက်နှုန်းနည်းပြီး ဝင်ရောက်မှုလည်းနည်းသွား၍ ဈေးကွက်တွင် ဈေးနှုန်းများမြင့်တက်လာပြီး တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်ဖြင့်ရောင်းချကြောင်းသိရပါသည်။ ပီနန်ငရုတ်သီးစိမ်းမှာ ရန်ကုန်ဘက်မှ ပြန်လည်ဝင်ရောက်လာပြီး ဈေးကွက်တွင် တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်ဈေးနှုန်းဖြင့်ရောင်းချနေကြောင်းသိရပါသည်။ ငရုတ်သီးစိမ်းမှာလည်း ဈေးကွက်တွင် ရောင်းချသော်လည်း ကုန်ပစ္စည်းမှာနည်းပြီး အရောင်းအဝယ်ဖြစ်ကြောင်းသိရပါသည်။ ၂၀၂၃ခုနှစ်၊ မေလပိုင်းတွင် ငရုတ်သီးစိမ်း (ကျောက်စိမ်းသီး) မှာ တစ်ပိဿာလျှင် ၇၀၀၀ကျပ်နှင့် ပီနန်ငရုတ်သီးစိမ်းတစ်ပိဿာလျှင် ၁၀၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ၂၀၂၄ခုနှစ်၊ မေလပိုင်းတွင် ငရုတ်သီးစိမ်းဈေးနှုန်းများမြင့်တက်လာကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)