Main menu

ပန်းတောင်းမြို့နယ်တွင် (ရခိုင်) ငှက်ပျောသီးစိုက်ပျိုးထားရှိ

Powered by Drupal

      ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ နတ်မောက်အုပ်စု၊ နတ်မောက်ကျေးရွာရှိ ကွင်းအမှတ်(၈၈) ဝန်လိုကွင်းတွင် စိုက်ပျိုးသူတောင်သူ ဦးဇော်မင်းထွေးနှင့်တွေ့ဆုံ၍ (ရခိုင်) ငှက်ပျောသီးမျိုးစိုက်ပျိုးထွက်ရှိမှုအား (၁၄-၅-၂၀၂၄)ရက်နေ့၊ နံနက်ပိုင်းတွင် ပန်းတောင်းမြို့နယ်တာဝန်ခံနှင့် အဖွဲ့သည် ကွင်းဆင်းလေ့လာဆွေးနွေးခဲ့ပါသည်။

      စိုက်ပျိုးထားရှိသည့် ငှက်ပျောသက်တမ်းမှာ (၃/၄) နှစ်ခန့်စိုက်ပျိုးထားရှိပါသည်။ လက်ရှိတွင် ဒေသမျိုးအပင် (၅၀၀)ခန့်စိုက်ပျိုးထားရှိပြီး စိုက်ပျိုးစဉ်ကတစ်ပင်ကို ၂၀၀ပေး၍စိုက်ပျိုးရပါသည်။ ငှက်ပျောပင်စိုက်ရန် စိုက်ကျင်းတူးခမှာ တစ်ကျင်းကို ၅၀၀ကျပ်ပေးရပါသည်။ တစ်နှစ်လျှင် ငှက်ပျောရုံတစ်ရုံကို (၄/၅) ပင်သာထားရှိပါသည်။ ချောင်းမြောင်းဘေး လယ်ကန်သင်းတွင် စိုက်ပျိုးထားသည့်အတွက် တစ်ရာသီကို ငှက်ပျောတစ်ရုံလျှင် ငှက်ပျောခိုင် (၅)ခိုင်၊ (၆)ခိုင်ခန့်ခုတ်ယူရပါသည်။ ငှက်ပျောခိုင်တစ်ခိုင်လျှင် (၇/၈)ဖီးခန့်ထွက်ရှိပြီး လေဝင်လေထွက်ကောင်းခြင်း၊ အပင်သန်လျှင် အခိုင်ကို အဖီး(၁၀)ဖီးခန့်ထွက်ရှိကြောင်းသိရပါသည်။ စတင်စိုက်ပျိုးစဉ်က ရေလောင်းရပြီး မြေဩဇာကျွေးရန်မလိုပါ။ ချောင်းရေ၊ မြောင်းရေအေးစိမ့်နေရခြင်းကြောင့် နောက်ပိုင်းတွင် ရေလောင်းရန်မလိုပါ။ ငှက်ပင်(၅၀၀)အတွက် ကုန်ကျစရိတ်မှာ ၃၅၀၀၀၀ကျပ်ခန့်ကုန်ကျကြောင်းသိရပါသည်။ ၂၀၂၃ခုနှစ်၊ မေလပိုင်းလောက်တွင် ရခိုင်ငှက်တစ်ဖီးကို (၂၀၀)ကျပ်ဖြင့်ရောင်းချခဲ့ရပြီး ၂၀၂၄ခုနှစ်၊ မေလ ဒုတိယပတ်တွင် ငှက်ပျောသီးတစ်ဖီးကို ၅၀၀ကျပ်ဖြင့်ရောင်းချကြောင်းသိရပါသည်။ ငှက်ပျောပင်ကို တစ်ခါစိုက်ပျိုးထားပြီးလျှင် တစ်နှစ်ပတ်လုံး ခုတ်ယူရောင်းချကြောင်းသိရပါသည်။ ရခိုင်ငှက်ပျောပင် ၅၀၀အတွက် တောင်သူအကျိုးအမြတ်မှာ ကျပ်(၁၅)သိန်းခန့်ရရှိကြောင်းသိရပါသည်။ ထွက်ရှိလာသော ငှက်ပျောသီးကို ဒေသတွင်းအပြင် အခြားမြို့နယ်များမှ ငှက်ပျောသီးပွဲစားများက လာရောက်ဝယ်ယူမှုရှိလျှင်လည်း ရောင်းချကြောင်းသိရပါသည်။ ရခိုင်ငှက်ပျောသီးမှာ ၂၀၂၃ခုနှစ်ထက် ယခု၂၀၂၄ခုနှစ်၌ ဈေးပိုရသဖြင့် ယခုနှစ်တွင် အကျိုးအမြတ်များပိုမိုရရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)