
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ရှိ နတ်မောက်အုပ်စု၊ ဝန်လိုကွင်းတွင် ဖူးစားပြောင်းများစိုက်ပျိုးထားရှိပါသည်။ ပန်းတောင်းမြို့နယ်တွင် ဖူးစားပြောင်းကို ဧကများစွာစိုက်ပျိုးထားရှိ၍ တစ်ဧကကုန်ကျစရိတ်နှင့် အကျိုးအမြတ်ရရှိမှုကိုသိရှိနိုင်ပါရန် ကွင်းဆင်းလေ့လာခဲ့ကြောင်းသိရှိရပါသည်။ ပြောင်းစိုက်ပျိုးရာတွင် တစ်ဧကလျှင် ပြောင်းစေ့ နို့ဆီဘူး(၄)ဘူးစိုက်ပျိုးရပြီး ၂၀၂၄ခုနှစ်၊ မေလ၊ ဒုတိယအပတ်တွင် တစ်ဘူးလျှင် ၃၅၀၀၀ကျပ်၊ (၄)ဘူးလျှင် ၁၄၀၀၀၀ကျပ်ဖြင့်ရောင်းချပြီး စိုက်ပျိုးသောမျိုးမှာ ကာလာဖိုက်မျိုးဖြစ်ပါသည်။ ဖူးစားပြောင်းတစ်ဧကစိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်အနေဖြင့် ၅၄၀၀၀၀ကျပ်ခန့်ကုန်ကျကြောင်းသိရပါသည်။ ပြောင်းဖူးများထွက်ပေါ်ချိန်တွင် တစ်ဧကအထွက်နှုန်းအနေဖြင့် အကြီး၊ အသေး သောင်းပြောင်းအဖူးရေ ၅၀၀ဖူးခန့်ထွက်ရှိကြောင်းသိရပါသည်။ မေလ၊ ဒုတိယအပတ်တွင်ရောင်းချသည့် ဈေးနှုန်းများမှာ တစ်ဖူးလျှင် ၂၅၀ကျပ်ဖြင့်ရောင်းချရသဖြင့် ဝင်ငွေမှာ ၁၂၅၀၀၀၀ကျပ်ရရှိသဖြင့် တစ်ဧကတွင် တောင်သူအကျိုးအမြတ်အနေဖြင့် ၇၁၀၀၀၀ကျပ်ရရှိကြောင်းသိရပါသည်။ ဈေးကွက်အနေဖြင့် ဒေသတွင်းသာရောင်းဝယ်မှုရှိကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)