Main menu

လက်ပံတန်းမြို့မဈေးအတွင်းရှိ ကြက်သွန်နီနှင့်အာလူးဈေးကွက်

Powered by Drupal

       ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့မဈေးအတွင်း ရောင်းချလျက်ရှိသော ကြက်သွန်နီဈေးနှုန်းများမှာ ဧပြီလ ပထမပတ်နှင့် ဒုတိယပတ်တွင် ကြက်သွန်နီ(အကြီး) လက်လီဈေးနှုန်းမှာ တစ်ပိဿာလျှင် (၂၃၀၀-၂၅၀၀) ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ရှိနေခဲ့သော်လည်း သင်္ကြန်ပြီးကာလ တတိယပတ်အတွင်း ကြက်သွန်နီဈေးနှုန်းများမှာ ဈေးကွက်အတွင်း၌ ဈေးငြိမ်နေပြီး ဧပြီလ နောက်ဆုံးပတ်တွင် ကြက်သွန်နီများကို မိုးရာသီစားသုံးရန် စားသုံးသူများသိုလှောင်ကြသဖြင့်  ကြက်သွန်နီဈေးနှုန်းများ အနည်းငယ်မြင့်တက်လာကြပြီး ကြက်သွန်နီ(အကြီး) လက်လီဈေးနှုန်းမှာ တစ်ပိဿာလျှင် (၂၅၀၀-၂၈၀၀-၃၀၀၀) ကျပ်၊ အသေးတစ်ပိဿာလျှင် (၂၀၀၀) ကျပ်ဈေးနှုန်းဖြင့် ယခုမေလ ဒုတိယပတ်ထိ ဈေးနှုန်းငြိမ်နေပြီး ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

  အာလူးဈေးကွက်ရောင်းချမှုအနေဖြင့် အာလူးတစ်ပိဿာလျှင် ဧပြီလ ပထမပတ်မှ ဧပြီလ နောက်ဆုံးပတ်တို့တွင် အာလူးတစ်ပိဿာလျှင် (၂၅၀၀-၃၀၀၀-၃၅၀၀)ကျပ်ပေါက်ဈေးဖြင့် အရောင်းအဝယ်ရှိနေခဲ့ပြီး မေလ ဒုတိယပတ်အတွင်း၌ အာလူးဈေးနှုန်းမှာ (၂၀၀၀-၂၅၀၀) ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်နေပါသဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းနေကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)