Main menu

စားသောက်ကုန်လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းအခြေအနေများ ကွင်းဆင်းဆောင်ရွက်ခြင်းကို မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းကာ စားသောက်ကုန်လုပ်ငန်းထုတ်လုပ်သော အောင်ချမ်းသာဆီစက်၊ ယောက်ျားကြီးငါးငါးပိ၊ မြသော်တာမုန့်လုပ်ငန်းများသို့ (၁၄-၅-၂၀၂၄)ရက်နေ့တွင်သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။ 

     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် နတ်တလင်းမြို့နယ်အတွင်းရှိ စားသောက်ကုန်လုပ်ငန်းထုတ်လုပ်သော အောင်ချမ်းသာဆီစက်၊ ယောက်ျားကြီးငါးငါးပိ၊ မြသော်တာမုန့်လုပ်ငန်းများအား ဌာန၏ ဂျီဒီပီတွက်ချက်မှုအတွက် ကိုးကားအသုံးပြုမည်ဖြစ်ပြီး လုပ်ငန်းနှင့်ဆက်စပ်မှု၊ လုပ်ငန်းတည်နေရာ၊ လုပ်ငန်းစတင်သည့်ခုနှစ်၊ ကုန်ပစ္စည်းအမည်၊ ထုတ်လုပ်သည့်ပမာဏ၊ ကုန်ပစ္စည်းထုတ်လုပ်ရာတွင် အဓိကအသုံးပြုရသည့် ကုန်ကြမ်းများနှင့် ကုန်ကြမ်းရရှိသည့်နေရာ၊ အသုံးပြုလုပ်သား၊ အခြားကုန်ကျစရိတ်၊ ကုန်ချောရောင်းချရသည့်တန်ဖိုး (လက်လီ/လက်ကား)၊ ကုန်စည်ရောင်းချသည့်ဈေးကွက် (ဒေသတွင်း၊ အခြားဒေသ၊ ပြည်ပ၊ အွန်လိုင်း) ထုတ်လုပ်မှုအခြေအနေများအားမေးမြန်းကာ ကွင်းဆင်းဆောင်ရွက်ခြင်းပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)