ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ ဦးခိုင်လွမ်းမိုး(အငယ်တန်းစာရေး)သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ကို ၂၀၂၄ခုနှစ်၊ မေလ ၁၆ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီ အချိန်တွင် ဓနုဖြူလူထုအခြေပြုဗဟိုဌာန Communit Center ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြပါသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးခိုင်လွမ်းမိုးက စားသုံးသူရေးရာဦးစီးဌာန၏ ရည်မှန်းချက်များ၊ လုပ်ငန်းစဉ်များ၊ ကုန်စည်နှင့် ဝန်ဆောင်မှုများအကြောင်းတို့ကိုဆွေးနွေးခဲ့ပါသည်။ စားသုံးသူရေးရာဦးစီးဌာနသည် ၂၀၁၄ခုနှစ်၊ မတ်လ ၁၄ရက်နေ့တွင် စားသုံးသူအကာ အကွယ်ပေးရေးဥပဒေကို ပြည်ထောင်စုလွတ်တော်မှ ဥပဒေအမှတ် ၁၀ ဖြင့်ပြဋ္ဌာန်းခဲ့ပြီး စားသုံးသူအသိပညာပေးဖြစ်သော ဟောပြောပွဲများကို စာသင်ကျောင်းများ၊ ဈေးများ၊ ရပ်ကွက်များ၊ ကျေးရွာများ၊ လူထုနှင့် စီးပွားရေးလုပ်ငန်းရှင်များအား အသိပညာပေးလုပ်ငန်းများဆောင်ရွက်လာခဲ့သည်မှာ ယနေ့တိုင်ဖြစ်ကြောင်း၊ စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းများဆောင်ရွက်ရာမှာ လိုအပ်ချက်များအရ တိုင်ဒေသကြီး/ပြည်နယ်၊ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ အသင်းအဖွဲ့များက အဆင့် ၅ဆင့်ဖြင့်ရေးဆွဲပြီး ၂၀၁၉ခုနှစ်၊ မတ်လ ၁၅ရက်နေ့၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့၌ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၉ ဖြင့် စားသုံးသူကာကွယ်ရေးဥပဒေကိုပြင်ဆင်၍ အတည်ပြုပြဋ္ဌာန်းခဲ့ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေတွင် အခန်းပေါင်း ၂၅ခန်း၊ ပုဒ်မ၈၄ခုပါဝင်ကြောင်း၊ ဆက်လက်၍ ဌာန၏ရည်မှန်းချက်၊ မျှော်မှန်းချက်များကိုရှင်းလင်းဆွေးနွေးခဲ့ပြီး၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်လျက်ရှိကြောင်း၊ အဓိကဆောင်ရွက်နေသော လုပ်ငန်းစဉ်အနေဖြင့် စားသုံးသူကာကွယ်ရေးကို အဓိကထားဆောင်ရွက်လျက်ရှိပြီး စားသုံးသူများအား စားသုံးသူအခွင့်အရေးထိခိုက်နစ်နာမှုမရှိသေးမီ အခြေအနေနှင့် စားသုံးသူ အခွင့်အရေးထိခိုက်နစ်နာပြီး အခြေအနေဆိုပြီး ယေဘုယျအားဖြင့် နှစ်မျိုးခွဲခြားထားလိုရကြောင်း၊ စားသုံးသူအခွင့်အရေးထိခိုက်နစ်နာမှုမရှိသေးမီ စားသုံးသူတွေအကျိုးစီးပွားကို ကာကွယ်ရန်ဖြစ်ပြီး၊ စားသုံးသူအခွင့်အရေးထိခိုက်နစ်နာပြီး အခြေအနေများကို စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်အကြား ကော်မရှင်၊ ကော်မတီအဆင့်ဆင့်တို့က သတ်မှတ်ပေးသော မျှတသည့်လုပ်ငန်းစဉ်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ စားသုံးသူအခွင့်အရေးထိခိုက်နစ်နာမှုရှိလာပါက စားသုံးသူရေးရာဦးစီးဌာနသို့တိုင်ကြားနိုင်ပြီး တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်းကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)