![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/၄၂_4.jpg?itok=cr12bN21)
ကသာခရိုင်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအနေဖြင့် စားအုန်းဆီအား ဈေးနှုန်း သက်သာစွာ ဝယ်ယူသုံးစွဲနိုင်ရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ခွဲတမ်းရရှိသော စားအုန်းဆီများအား ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် ကသာခရိုင်ကုန်ဈေးနှုန်း တည်ငြိမ်ရေး လုပ်ငန်းအဖွဲ့ဝင်များနှင့်စားသုံးသူရေးရာဦးစီးဌာနမှ ကြီးကြပ်ကာ စားအုန်းဆီကုန်သည်များနှင့် ပူးပေါင်း၍ စားအုန်းဆီများအား ပြင်ပပေါက်ဈေးထက် သက်သာသောနှုန်းထားဖြင့် ရောင်းချပေးလျက် ရှိပါသည်။
ထိုသို့ ရောင်းချပေးလျက်ရှိရာ ၂၀၂၄-ခုနှစ် မေလ(၁၈)ရက်နေ့တွင် ကသာမြို့ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများအား စားအုန်းဆီတစ်ပိဿာလျှင်(၆၉၀၀)ကျပ်နှုန်းဖြင့် ဝန်ထမ်း(၁)ဦးလျှင် (၂)ပိဿာနှုန်း ရောင်းချပေးခဲ့ပြီး ဝန်ထမ်း(၁၂၃၇)ဦးအတွက် ဆီပိဿာ(၂၄၇၄)ပိဿာရောင်းချပေးနိုင်ခဲ့ကြောင်း သိရှိရပါသည်။ ဆက်လက်၍လည်း စားအုန်းဆီခွဲတမ်းရရှိမှုအပေါ် မူတည်၍ ခရိုင်အတွင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူများအား ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)