Main menu

သင်္ကြန်ကာလပြီး ကုန်တင်ခများ ပုံမှန်ဈေးဖြစ်လာ

Powered by Drupal

      မိတ္ထီလာမြို့သည် မြန်မာနိုင်ငံအလယ်ပိုင်း၌ တည်ရှိပြီး၊ ကုန်စည်စီးဆင်းမှုတွင် လမ်းဆုံကျသော မြို့တစ်မြို့ဖြစ်ပါသည်။ မိတ္ထီလာမြို့မှ ဒေသထွက် ကုန်စည်များကို ရန်ကုန်၊ မန္တလေးမြို့ကြီးများနှင့် အခြားမြို့များသို့ တင်ပို့နေရာ ယခုသင်္ကြန်ပြီး ရန်ကုန်၊ ပဲခူးမြို့များသို့ ကုန်တင်ခဈေးများ ပုံမှန်ပြန်ဖြစ်လာကြောင်း သိရသည်။ သင်္ကြန်မတိုင်မီက ရန်ကုန်၊ ပဲခူးတို့မှ အပြန်ကုန် နည်းသည့်အတွက် မိတ္ထီလာ-ရန်ကုန် တစ်ပိဿာ (၂၀၀) ကျပ်၊ မိတ္ထီလာ-ပဲခူး (၁၈၀) ကျပ်ရှိခဲ့ပါသည်။ သင်္ကြန်ကာလပြီး ဧပြီ တတိယပတ်၌ မိတ္ထီလာ-ရန်ကုန် တစ်ပိဿာ (၁၃၀) ကျပ်၊ မိတ္ထီလာ-ပဲခူး (၁၁၅) ကျပ်ရှိပြီး၊ မိတ္ထီလာ-မန္တလေး ကုန်တင်ခမှာ သင်္ကြန်မတိုင်မီကာလနှင့် များစွာပြောင်းလဲမှုမရှိဘဲ တစ်ပိဿာ ကုန်တင်ခမှာ ကုန်ကျစ် (၅၀) ကျပ်ဖြင့် ဈေးငြိမ်နေပါသည်။ မိတ္ထီလာမှ တင်ပို့မှုများသော ကုန်စည်များမှာ ဒေသထွက် လယ်ယာထွက်ကုန်သီးနှံများဖြစ်သည့် ပဲ၊ ကြက်သွန်နီ၊ နှမ်း၊ မြေပဲ၊ ငရုတ်တို့ဖြစ်ကာ ယခုရက်ပိုင်း ဒေသတွင်းထွက်ရှိမှုလှိုင်သော ကြက်သွန်နီကို ရန်ကုန်၊ ပဲခူး၊ တာချီလိတ်၊ မန္တလေးမြို့များသို့ တင်ပို့နေကြောင်း သိရသည်။

DOCA(မန္တလေး)