Main menu

ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် စားသုံးသူများ နစ်နာဆုံးရှုံးမှုမရှိစေရန်ရည်ရွယ်၍   မေလ(၁၆)ရက်၊  နံနက် (၀၈:၀၀) နာရီအချိန်တွင် ပူးပေါင်းအဖွဲ့များဖြင့်  ရေကြည်မြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမတွင် မီးသတ်တပ်ဖွဲ့ဝင်များအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့ကြောင်းသိရပါသည်။

      ထိုသို့အသိပညာပေးဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရေကြည်မြို့နယ်တာဝန်ခံက စားသုံးသူများနစ်နာဆုံးရုံးမှုမရှိစေရေးရည်ရွယ်၍  စားသုံးသူအခွင့်အရေး(၈)ချက်အကြောင်း အသိပညာပေးဟောပြော၍ လက်ကမ်းစာစောင်များဖြန့်‌ဝေခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)