Main menu

မိတ္ထီလာမြို့၌ စီမံကိန်းသီးနှံပေးအပ်ပွဲအခမ်းအနား ကျင်းပဆောင်ရွက်

Powered by Drupal

      မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်အတွင်း စီမံကိန်းသီးနှံပေးအပ်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ မေလ (၁၄)ရက်နေ့ ၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် မိတ္ထီလာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပခဲ့ပါသည်။  ၎င်းစီမံကိန်းသီးနှံပေးအပ်ပွဲအခမ်းအနားကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်စီမံကိန်း၊ မြေစာရင်းဦးစီးဌာန၊ မိတ်ဖက်ဌာနများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စိုက်ပျိုးတောင်သူ စုစုပေါင်း (၅၀) ဦး တက်ရောက်ခဲ့ပါသည်။

     မိတ္ထီလာမြို့နယ်တွင် အုပ်စု (၅၈) ခု ကျေးရွာခွဲပေါင်း ၃၆၀ ရှိပြီး၊ စီမံကိန်းသီးနှံစိုက်ဧက ရည်မှန်းချက်အနေဖြင့် ကျေးရွာအုပ်စုပေါင်း (၄၅) အုပ်စုကိုလျာထား ဆောင်ရွက်လျက်ရှိကြောင်း၊ စပါးစိုက်ဧကများနှင့် စပ်လျဉ်း၍ မိုးစပါး (၁၃၀၆၁) ဧက၊ နွေစပါး (၃၄၈) ဧက၊ စုစုပေါင်း (၁၃၄၀၉) ဧက၊ အခြားသီးနှံများအနေဖြင့် ချည်မျှင်ရှည်ဝါပေါင်း (၁၂၉၀၀) ဧက၊ နေကြာပေါင်း (၃၉၁၅) ဧက၊ နှမ်း (၉၆၃၈၀) ဧက၊ ပဲစဉ်းငုံ (၂၆၆၈၀) ဧက၊ မြေပဲ (၂၀၅၂) ဧက၊ ပဲတီစိမ်း (၈၀၇၅) ဧက၊ စိုက်ဧက စုစုပေါင်း (၁၆၃၄၁၆) ဧက လျာထားကြောင်း သိရှိရပါသည်။

    ခရိုင်အတွင်း ဆီဖူလုံမှုအတွက် မြေပဲ၊နှမ်းကို အထွက်တိုးအောင် မျိုးကောင်းမျိုးသန့်များရွေးပြီး စိုက်ပျိုးရမည်ဖြစ်ကြောင်း၊ စီမံကိန်းသီးနှံအထွက် မိုးနှမ်း (၄၆၀၀) ဧက၊ နွေနှမ်း (၁၀၀) ဧက၊ မိုးမြေပဲ (၅၀၀) ဧက ၊ မိုးနေကြာ (၂၅၀) ဧက၊ ဆောင်းနေကြာ (၁၀၀) ဧကလျာထားကြောင်း သိရှိရပါသည်။ မြေပဲ တစ်ဧက (၅၆) တင်း၊ နှမ်းတစ်ဧက (၁၂) တင်း၊နေကြာ တစ်ဧက (၂၅) တင်းထိ ထွက်အောင် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)