Main menu

မေလ တတိယပတ် မုံရွာမြို့တွင်ရောင်းချနေသော စက်သုံးဆီဈေးနှုန်းများ

Powered by Drupal

       မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/ သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

         မုံရွာမြိုတွင် စက်သုံးဆီဆိုင်(၂၇) ဆိုင် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး မေလ ဒုတိယပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92)တစ်လီတာလျှင် (၂၇၆၅)ကျပ်၊ ဓါတ်ဆီ (95) တစ်လီတာလျှင် (၂၈၇၀)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၄၂၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၄၇၅)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

      ယခု မေလတတိယပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် (၂၇၂၅)ကျပ်၊ ဓါတ်ဆီ(95) တစ်လီတာလျှင် (၂၈၅၀)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၄၅၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၅၀၀)ကျပ်ဖြင့် ရောင်းချနေသောကြောင့် ယခင် မေလဒုတိယပတ်နှင့် နှိုင်းယှဉ်ပါက ဓါတ်ဆီ(92) တစ်လီတာလျှင် (၄၀)ကျပ် ၊ ဓါတ်ဆီ(95) တစ်လီတာလျှင် (၂၀)ကျပ် ဈေးနှုန်းကျလျှက်ရှိပြီ   ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင်(၂၅)ကျပ် ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင် (၂၅)ကျပ် ဈေးနှုန်းမြှင့်တက်လျက်ရှိကြောင်း  စက်သုံးဆီဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)